Olivia Rodrigo ကတော့ အခုလက်တလောမှာတင်ကို YouTube မှာရော၊ Apple Music နဲ့ Spotify လို streaming platform တွေမှာ လူနားထောင်မှုအများဆုံးသော artist တစ်ယောက်အဖြစ် ရပ်တည်နေခဲ့တာပါ။
View this post on Instagram
Congrats to @Olivia_Rodrigo! “drivers license” broke the record for the most requested song ever in one day on Alexa globally + the biggest first week streaming debut ever globally on Amazon Music 🎉🚙
Listen now 🎧: https://t.co/c1BobSV3h6 pic.twitter.com/xrN3b7WOw2
— Amazon Music (@amazonmusic) January 14, 2021
.@Olivia_Rodrigo‘s “drivers license” now has the record for most streams for a song in a week on Spotify 💜📈 https://t.co/Ke2mPGs71y
— Spotify (@Spotify) January 15, 2021
အသက် (၁၇) နှစ်သာရှိသေးပေမယ့်လို့ သူမရဲ့ Drivers License ဆိုတဲ့ သီချင်းလေးဟာ နာမည်ကြီးစီနီယာအဆိုတော်တွေကိုတောင် ကျော်တက်သွားခဲ့တာပဲဖြစ်ပါတယ်။ Apple Music မှာဆိုရင် Taylor Swift နဲ့ ရှေ့ဆင့်နောက်ဆင့်ဖြစ်နေခဲ့တာကြောင့် Taylor Swift ကိုယ်တိုင်တောင်မှပဲ Instagram မှာ ချီးကျူးခံထားရတဲ့ ကောင်မလေးပါ။
View this post on Instagram
Highschool Musical ဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးရာမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်နေခဲ့ရင်းနဲ့မှ ဂီတလောကထဲကိုပါ တစ်ခါတည်း ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအောင်မြင်နေတဲ့ Drivers License ဆိုတာဟာလည်း သူမရဲ့ မကြာသေးခင်ကမှ ဖြစ်နေခဲ့တဲ့ သုံးပွင့်ဆိုင်အချစ်ရေးအကြောင်းကို တစ်လုံးမကျန် အကုန်ချရေးထားခဲ့တာပါ။
View this post on Instagram
ဇာတ်လမ်းတွဲထဲ အတူတကွသရုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်မင်းသားနဲ့ Olivia Rodrigo ဟာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ပရိတ်သတ်တွေပါ အကုန်လုံးသိပြီးတော့ နှစ်ယောက်သား ပေါ်တင်တွဲနေရင်းနဲ့မှ အတူသရုပ်ဆောင်ခဲ့တဲ့ နောက်ထပ်မင်းသမီးတစ်လက်ကြောင့်ပဲ ချစ်သူနဲ့လမ်းခွဲပြတ်စဲခဲ့ကာ အသည်းတွေကွဲနေခဲ့တာပါတဲ့။ ဒီခံစားချက်တွေကို နှလုံးသွင်းပြီးတော့ သီချင်းလေးတစ်ပုဒ်ဖန်တီးရင်းနဲ့မှ Drivers License ဆိုတာလည်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။
အဖြစ်မှန်တွေကို ချပြီးရေးရတဲ့အတွက် သီချင်းရေးတုန်းကဆိုရင် ဧည့်ခန်းထဲတစ်ယောက်တည်းထိုင်ပြီးတော့ မျက်ရည်နဲ့မျက်ခွက်ကို ခံစားပြီးရေးထားခဲ့တာပါလို့ CNN ကိုပြောပြလာခဲ့ပါတယ်။
penny