ပရိသတ်တွေချစ်ကြတဲ့  မင်းသမီးတစ်ဦးဖြစ်တဲ့ ဆုပန်ထွာကတော့ ဇန်နဝါရီလ (၃၀)ရက်နေ့မှာ သူ့မရဲ့ ချစ်ရသူခင်ပွန်းနဲ့ အိမ်ထောင်သက်တမ်း (၃)နှစ်တောင် ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူကတော့ အိမ်ထောင်သက်တမ်း (၃)နှစ်ပြည့်မှာ သူရဲ့ချစ်ရသူ ဇနီးအတွက် ချစ်မေတ္တာတွေအပြည့်နဲ့ စာတစ်စောင်ရေးပေးခဲ့ပါတယ်။

“ဒီကောင်မလေးနဲ့ အပျော်ဆုံးနေ့တွေကိုစခဲ့တာ ဒီနေ့ဆို  (၃)နှစ်ရှိသွားပြီ။ လူပျိုတစ်ယောက် မဟုတ်ခဲ့ပေမည့် လူလွတ်တစ်ယောက်ဖြစ်အပြီး (၁)နှစ်ခွဲလောက် အကြာမှာ … America မှာ တရားဝင်လက်ထပ်ခဲ့တဲ့ အမှတ်တရနေ့လေးပါ။ Happy Anniversary ပါ မာမားရေ။

အသက်ရှုနေတဲ့ အချိန်တိုင်းမှာ မိန်းမနှင့်သားအတွက် အကောင်းဆုံးတွေကြီးပဲ ဥာဏ်စွမ်းရှိသလောက် ကြိုးစားပြီးချစ်သွားမယ်။ အရမ်းချစ်တယ် မိန်းမရေ။” လို့စာတစ်စောင်ရေးပြီး သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာတင်ထားတာဖြစ်ပါတယ်။

ဆုပန်ထွာနဲ့ ဥက္ကာကျော်တို့နှစ်ဦးကတော့ အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ဦး ဖြစ်ကြပြီး အရမ်းချစ်စရာကောင်းတဲ့ သားလေတစ်ယောက်နဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝကို တည်ဆောက်နေကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။

Source: Supan Htwar & Okkar Kyaw