ကိုရီးယား အနုပညာလောကရဲ့ အိုင်ဒေါစုံတွဲတစ်တွဲကတော့ ထပ်မံပြီး ထွက်ပေါ်လာပြန်ပါပြီ။

Oh Yeon Seo နဲ့ Kim Bumတို့နှစ်ဦးနှစ်ဖက်လုံးရဲ့ အေဂျင်စီတွေကတော့ သူတို့နှစ်ဦးဟာ ချစ်သူတွေဖြစ်နေပြီဆိုတာကို အတည်ပြုလိုက်ပါတယ်။ Oh Yeon Seo နဲ့ Kim Bum တို့နှစ်ဦးဟာ ပိုပိုပြီးတော့ ရင်းနှီးလာတဲ့ အခြေအနေမှာ ရှိနေပါတယ်ဆိုပြီးတော့ ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

အေဂျင်စီတွေရဲ့ ပြောပုံအရတော့ “A Korean Odyssey ” ဇာတ်လမ်းတွဲရိုက်ကူးပြီး မတ်လအစပိုင်းလောက်မှာ  သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲတစ်ခုမှာ သူတို့နှစ်ဦးဟာ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး တစ်လအတွင်းမှာပဲ သူတို့နှစ်ဦးဟာ ချစ်သူတွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ Kim Bumနဲ့ ရင်းနှီးတဲ့ သူတစ်ယောက်ကတော့ Oh Yeon Seo နဲ့ Kim Bumတို့နှစ်ဦးဟာ တူညီတဲ့ အချက်တွေများတဲ့အပြင် အချင်းချင်းနားလည်မှုလည်း ရှိတာကြောင့် လျင်လျင်မြန်မြန်ပဲ ရင်းနှီးသွားကြတယ်လို့ဆိုပါတယ်။

Oh Yeon Seoနဲ့ သိကျွမ်းသူ တစ်ဦးကတော့ “Oh Yeon Seo ဟာ ချစ်စရာကောင်းတဲ့ သူတစ်ယောက်အဖြစ် လူသိများသူတစ်ယောက်ပါ။ Kim Bumနဲ့တွေ့ပြီးနောက်မှာတော့ နှစ်ဆပိုပြီး ချစ်စရာကောင်းလာမယ်လို့ထင်ပါတယ်။”လို့ ပြောပြခဲ့ပါတယ်။

သူတို့နှစ်ဦးကိုတော့ Cheongdam-dongမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ အခြားသူငယ်ချင်းတွေနဲ့ အတူတူ တွေ့ရတာဖြစ်ပါတယ်။ အခြားသူတွေနဲ့ အတူလာခဲ့ပေမဲ့လည်း သူတို့နှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး အရမ်းကို ဂရုစိုက်နေကြတာ ချစ်စရာကောင်းလွန်းနေပါတယ်။

Source: Koreaboo