လတ်တလောမှာတော့ ဥက္ကာမင်းမောင်ရဲ့ ငပလီကမ်းခြေမှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေကတော့ အင်တာနက်ပေါ်မှာ အရမ်းကို နာမည်ကြီးပြီိး လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ အကြောင်းအရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဓါတ်ပုံတွေနဲ့ ပတ်သတ်ပြီးလည်း ဥက္ကာမင်းမောင်ဟာ  ဝေဖန်ရှုံ့ချမှုတွေ အများကြီး ခံနေရပါတယ်။

မော်ဒယ်မင်းသားတစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ ဓါတ်ပုံတွေကို ဝေဖန်တဲ့၊ ဆဲကြတဲ့ သူတွေကို ဘာတစ်ခွန်းမှ မပြောလိုပါဘူးလို့ ပြောခဲ့ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလို့၊ အဆဲခံရဲလို့ ဒီဓါတ်ပုံတွေကို ရိုက်ခဲ့တာဖြစ်တယ်လို့ လည်းဆိုပါတယ်။

“ရေကူးဝတ်စုံနဲ့ ကမ်းခြေမှာ ဓာတ်ပုံရိုက်ခြင်းဟာ ကိုယ်တွေမမွေးခင်ထဲက ဖြစ်တည် လာခဲ့သော အရာတခု.. ကမ်းခြေမှာ ရေကူးဖို့ ဆိုပြီး ထိုင်မသိမ်းနဲ့ ဘီးဆံထုံးနဲ့ ပြင်ဆင်ပြီးသွာား မြင်ဖူးလား ပြောကြည့် … လည်ကတုံးတိုက်ပုံ တောင်ရှည်ပုဆိုးနဲ့ ရေထဲ ဆင်းကူးတာ မြင်ဖူးလားပြောကြည့်.. မမြင်ဖူးသေးရင် လုပ်ကြည့်လိုက်.. ပြီးရင်ဓာတ်ပုံရိုက်ပြီး Facebook တင်.. လူတွေ တန်းစီ share ကြမှာတော့ အသေအချာပဲ … ဘယ်က ဂေါက်သီးလဲ ဆိုပြီး.. ဘယ်လိုတွေ Comment ရေးကြမလဲ ဆိုတာတော့ စဉ်းစားသာ ကြည့်ပေတော့..” လို့လည်း သူရဲ့ ဖေ့စ်ဘုတ်မှာ ပြောထားပါတယ်။

အဆိုပါ ဓာတ်ပုံတွေဟာ My Journey and Lifestyle မဂ္ဂဇင်းအတွက် ရိုက်ကူပေးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

Source: Ye Htoo Win