မိန်းကလေးပရိသတ်တွေ အများကြီး ပိုင်ဆိုင်ထားတဲ လူငယ်အဆိုတော်တစ်ဦးဖြစ်တဲ့ အုပ်စိုးခန့်ကတော့ မကြာခင်မှာရောက်ရှိလာတော့မယ့် သင်္ကြန်ကာလအတွက် တန်ခူးမေ ဆိုတဲ့ သီချင်းလေးကို အင်တာနက်ပေါ်မှာ ဖြန့်ချီပေးလိုက်ပါပြီ။

ဒီသီချင်းဗီဒီယိုကိုတော့ လူငယ်ဆန်ဆန်၊ခေတ်ဆန်ဆန် လေး ရိုက်ကူးထားပြီး ပရိသတ်အချစ်တော် အကယ်ဒမီ မင်းသမီးလေး ယွန်းယွန်းနဲ့ တွဲဖက်သရုပ်ေ်ဆာင်ထားတာဖြစ်ပါတယ်။ ဒီသီချင်းဗီဒီယိုလေးမထွက်ခင်မှာ သူတို့နှစ်ဦးနဲ့ ပတ်သတ်ပြီး ကောလဟာလတွေလည်း ထွက်ခဲ့ပေမဲ့ နှစ်ဦးနှစ်ဖက်လုံးကတော့ ကောလဟာလတွေကို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ဒီ သီချင်းဗီဒီယိုလေးကတော့ ထွက်ထွက်ချင်းမှာပဲ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေရရှိနေပြီး ကြည့်ရှုသူ (၇)သောင်းနီးပါးရှိနေပြီ ဖြစ်ပါတယ်။

ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်မောင်နှမနှစ်ယောက်ဖြစ်ကြတဲ့ အုပ်စိုးခန့်နဲ့ ယွန်းယွန်းတို့ကတော့ ဒီသီချင်းဗီဒီယိုလေးထဲမှာ အတွဲညီညီနဲ့ သရုပ်ဆောင်ထားကြတာ အရမ်းကို ချစ်စရာကောင်းပါတယ်။ ပရိသတ်တွေအတွက် သူတို့နှစ်ဦး တွဲဖက်သရုပ်ဆောင်ထားတဲ့ တန်ခူးမေဆိုတဲ့ သီချင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

တန်ခူးမေ Full MTV 💛💛ထွက်ပြီဗျ အားပေးကျပါအုံး ပြီးတော့ဝေဖန်ပေးကြပါအုံး 💛💛💛#loveyouall💛😘

Posted by OakSoe Khant on Saturday, March 17, 2018

Source: Oak soe Khant