အမြဲပွင့်လင်းပြီး လွတ်လပ်တဲ့ အမူအရာတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ သုသုလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်ကတော့ Gay တစ်ယောက်အနေနဲ့ ရှင်သန်ရတဲ့ ဘဝကို သူရဲ့ ဖေစ်ဘုတ်မှာတင်ခဲ့ပြီး ပရိသတ်တွေကတော့ သုသုရဲ့ အရေးအသားတွေကို အရမ်းကို သဘောကျနေကြပါတယ်။

“အခြောက် လို့ ကျွန်မကိုခေါ်တာလား။ ဟုတ်တယ်။ ယောက်ကျားလေးသဘာဝ ခန်းခြောက်နေတဲ့ ကျွန်မမှာ ပုဆိုးဝတ်ချင်စိတ်မရှိဘူး။ ပြောလေ နှိမ်ပါရပါတယ်။ ကျွန်မကို တတိယလိင်လို့ တင်စားရင်လဲ စိတ်မနာဘူး။ ကျွန်မ ယောက်ကျား မဖြစ်ချင်ဘူး။”လို့ အစပြုရေးထားပြီး သုသုကတော့ သူ မိန်းကလေးဘဝကို ဘယ်လောက်အထိမြတ်နိုးတယ်ဆိုတာကို ရဲရဲဝင့်ဝင့် ဖေါ်ပြလိုက်တာဖြစ်ပါတယ်။

“ချစ်သူလား ..ထားပါတယ် အပျော်ကြံသွားတာလည်း ရှိတယ် ချူဆီတွေည်း ကြုံတယ် ဒါပေမယ့် ကျွန်မက ယောက်ချို မဟုတ်ဘူး ယောက်ကျားဆို ချိုသာပျူငှာတဲ့ အစားတော့ မဟုတ်ဘူး။”လို့လည်း ရေးထားပြီး Gay တစ်ယောက်ရဲ့ ဘဝကို ဖွင့်ဟပြောဆိုလာတာ ဖြစ်ပါတယ်။

“ကျွန်မလား ..အခြောက်တယောက်ပါ။ ပြုးံလိုက်တဲ့အခါ ကျွန်မသွားတွေ လှပါတယ်။ ဘာလို့လဲဆိုတော့
မညာတတ်လို့ပါ ။” လို့ရေးပြီး သုသုကတော့ သူ့ရဲ့ရိုးသားတဲ့ စိတ်ထားကို ဖေါ်ပြခဲ့ပါတယ်။

Source: Nyi Nyi  Maung