မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့အပြင် ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့အပြုအမူတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိလျက်ရှိတဲ့ ညီညီမောင်စမ်းချောင်း (ခေါ်) သုသုကတော့ လတ်တလောမှာ ကောင်မလေးတွေရဲ့ ယောင်းမတော်အဖြစ်နဲ့ ဖေ့စ်ဘုတ်မှာ နာမည်ကြီးနေပါတယ်။  ညီညီမောင်စမ်းချောင်းဟာ သူရဲ့ မောင်လေးရဲ့ဓါတ်ပုံကို ဖေ့စ်ဘုတ်ပေါ်မှာတင်ခဲ့ပြီးနောက်မှာ နာမည်ကြီးသွားခဲ့တာဖြစ်ပါတယ်။ ခန့်ရဝေဟာ သုသုရဲ့မောင်လေးအရင်းတော့မဟုတ်ပေမဲ့ မောင်အရင်းတစ်ယောက်လို၊ အမေတစ်ယောက်လို စောင့်ရှောက်ပေးတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်တဲ့။ သုသုရဲ့ မောင်လေးဖေစ်ဘုတ်အကောင့်ကတော့ @Khant Yawai ဖြစ်ပါတယ်။

Source: Khant Yawai,Nyi Nyi Maung