ဖေစ်ဘုတ်ပေါ်မှာ ဟာသဗီဒီယိုလေးတွေကို တင်လိုက်ပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတတ်သူ တစ်ယောက်ဖြစ်တဲ့အပြင် မိတ်ကပ်ပညာရှင်တစ်ယောက်လည်း ဖြစ်တဲ့ ညီညီမောင်ကတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်က သူမရဲ့ ချစ်သူနဲ့ လမ်းခွဲခဲ့ပါတယ်။ ပရိသတ်တွေတော်တော်များများကြားမှာလည်း သူမရဲ့ အချစ်ရေးဟာ တော်တော်လေးနာမည်ကြီးပါတယ်။

လတ်တလောမှာတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး တိုက်ခိုက်ဝေဖန်ပြောဆိုမှုတွေကို ကြုံနေရတာလည်း ဖြစ်ပါတယ်။ ညီညီမောင်ကတော့ ဒီလို ဝေဖန်တိုက်ခိုက်လာတာတွေကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ဓါတ်ပုံတွေနဲ့တကွ တင်ပြီး ဝေဖန်တဲ့ သူကို ထိပ်တိုက်ရင်ဆိုင်လိုက်ပြီဖြစ်ပါတယ်။

ညီညီမောင်က သူမကို ရည်ရွယ်ပြောဆိုထားတဲ့ ဝေဖန်စာမှာ လတ်တလောမှာမှ ပြတ်စဲသွားတဲ့ သူမရဲ့ ချစ်သူက “haha” reaction ပေးထားတဲ့အတွက်ကြောင့်လည်း သူမကတော့ စိတ်မကောင်းဖြစ်နေရပါတယ်။ ညီညီမောင်ကို ဝေဖန်ပြောဆိုသူကတော့ သူရဲ့ နာမည်ကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ပြောလို့  တရားစွဲမယ်ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။

ညီညီမောင်က “နင်လောက်စာမရေးတက်ပါဘူး ဟိန်းဇော်ညို နင် တရားစွဲမဲ့အချိန် ငါထိုင်စောင့်နေမယ် ချိန်းခြောက်တာနော် အောက်တိုဘာ ၂၃မစောင့်ပါနဲ့ အခု စပါ ငါအခုတင်တာမဖျက်ဖူး အကုန်ရှိတယ် တရားစွဲဖြစ်အောင်စွဲ”လို့ ပြန်ပြီးတော့ ရေးသားထားပါတယ်။

ပရိသတ်တွေလည်း ဝေဖန်မှုတွေ၊ အဆင်မပြေမှုတွေ ကြုံနေရတဲ့ သုသုကို အားပေးလိုက်ပါဦးနော်။

Source: Nyi Nyi Maung