မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ် နာမည်ကြီးတဲ့ ညီညီမောင်ကတော့ ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ ဟာသ ဗီဒီယိုလေးတွေကို တင်ရင်း ပရိသတ်တွေရဲ့ စိတ်ဝင်တစား အားပေးမှုတွေရရှိလာတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမက လိင်တူချစ်သူတစ်ဦးလည်းဖြစ်ပြီး သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ဖေ့စ်ဘုတ်ပေါ်မှာ တင်လေ့ရှိသူ တစ်ဦးဖြစ်ပါတယ်။

ညီညီမောင်က မေလ ၂၄ရက်နေ့မှာတော့ သူမရဲ့ လိင်တူချစ်သူနဲ့ ကလေးယူဖို့အကြောင်းကို အခုလိုပဲ ဖွင့်ဟလာပါတယ်။ ညီညီမောင်ကတော့ ဖန်ပြွန်သန္ဓေသားအောင်မြင်တယ်ဆိုတဲ့ အကြောင်းကို ဖေစ်ဘုတ်ပေါ်မှာ တင်လိုက်တာဖြစ်ပါတယ်။

သုသုကတော့ သူရဲ့ ဖန်ပြွန်သန္ဓေသားကို ဒီကနေ့မှာ သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ ပရိသတ်တွေကို ပြထားပါသေးတယ်နော်။ သုသုကတော့ သူမရဲ့ ချစ်သူ ရေချိုးတဲ့ ဗီဒီယိုလေးကိုတင်ပြီးတော့ ဖန်ပြွန်သန္ဓေသားဆိုပြီး ပရိသတ်တွေကို စနောက်လိုက်တာဖြစ်ပါတယ်။ သုသုကတော့ ပရိသတ်တွေကို အမြဲရယ်မောအောင်လုပ်ပေးတတ်တဲ့ သူလေးတစ်ယောက်ပါပဲနော်။

ဖန်ပြွန်သန္ဓေသား 😬😋🤪👸#QueenThuThu

Posted by Nyi Nyi Maung on Wednesday, May 23, 2018

Source: Nyi Nyi Maung