မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲ မော်ဒယ်မင်းသားတစ်ယောက်ဖြစ်တဲ့ ညမင်းသား ငြိမ်းသော်ကတော့ စတိုင်အမိုက်စားတွေနဲ့ တွေ့ရတတ်ပြီး အမြဲလန်းနေတတ်တဲ့ သူတစ်ယောက်ပါ။ ဇန်နဝါရီလ (၂၃)ရက်နေ့မှာတော့ မင်္ဂလာပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ ပုံလေးတွေကို သူရဲ့ ဖေ့စ်ဘုတ်မှာ တင်ထားတာဖြစ်ပါတယ်။

ဒီမင်္ဂလာပွဲမှာတော့ ငြိမ်းသော်က ထူးထူးခြားခြား အဝါရောင်ဖက်ရှင်ကို ဝတ်ဆင်ထားပြီး ဓါတ်ပုံတွေအရတော့ ဒီမင်္ဂလာပွဲမှာ သတို့သားအရံအဖြစ် ကူညီခဲ့တာဖြစ်မယ်လို့ ယူဆရပါတယ်။

ငြိမ်းသော်ရဲ့ ပရိသတ်တွေကတော့ အဝါရောင် ဖက်ရှင်နဲ့တစ်မျိုးကြည့်လို့ကောင်းနေတဲ့ ငြိမ်းသော်ကို အရမ်းကို သဘောကျနေကြပါတယ်။

Source: Nyein Thaw