ဖေ့စ်ဘုတ်ပေါ်မှာ ညို့အားပြင်းတဲ့ ဓါတ်ပုံလေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားတဲ့ မော်ဒယ်၊ မင်းသမီးချောလေး နွယ်နွယ်ထွန်းကတော့ ချစ်စရာကောင်းလွန်းတဲ့ မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားသူလေးပါ။

သူမရဲ့ နေ့စဉ်ဘဝပုံရိပ်တွေကို ဆိုရှယ်မီဒီယာပေါ်မှာ အမြဲတင်ပေးလေ့ရှိတဲ့ နွယ်နွယ်ထွန်းကတော့ ဒီကနေ့မှာလည်း ဦးပိန်တံတားကို ရောက်နေတဲ့ သူမရဲ့ အလှပုံရိပ်လေးတွေကို ဖေစ့်ဘုတ်ပေါ်မှာ တင်ပေးထားပါသေးတယ်။ ပိုစ့်ခပ်ဆန်းဆန်းလေးတွေပေးတတ်တဲ့ နွယ်နွယ်ထွန်းကတော့ ဦးပိန်တံတားပေါ်မှာ တက်ထိုင်ပြီး ဓါတ်ပုံတွေရိုက်ထားပါတယ်။ နွယ်နွယ်ထွန်းကတော့ “ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဆိုပေမဲ့ ငါတို့ နှစ်ယောက်အတွက်တော့ မိုင်တွေ ခြားတယ်” လို့ရေးပြီး ဓါတ်ပုံတွေကို တင်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေကိုလည်း “ဦးပိန်ရောက်ရင် ရစ်လိုတက်မထိုင်ကြနဲ့ နော် ပြုတ်ကျမယ် အသဲတို့ 😆😘” လို့လည်း ရေးပေးထားပါသေးတယ်။ နွယ်နွယ်ထွန်းကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် နွယ်နွယ်ထွန်းရဲ့ အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Nwe Nwe Tun