နွယ်နွယ်ထွန်းကတော့  ဖေ့စ်ဘုတ်ပေါ်မှာ ပို့စ်ဆန်းဆန်းလေးတွေနဲ့ ဓါတ်ပုံလေးတွေတင်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ရရှိလာတဲ့ ဖေ့စ်ဘုတ်ဆယ်လီမလေးတစ်ယောက်ဖြစ်ပါတယ်။ သူမက မော်ဒယ်တစ်ယောက်အဖြစ်လည်း အနုပညာအလုပ်တွေကို ဆောင်ရွက်နေသူတစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း ခရီးထွက်နေတဲ့ ပုံရိပ်တွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပေးပါသေးတယ်။ နွယ်နွယ်ထွန်းဟာ ဆွဲဆောင်မှုလည်း ရှိတဲ့အပြင် ချစ်စရာကောင်းတဲ့ သူလေးလည်း ဖြစ်တာကြောင့် ပရိသတ်တွေအချစ်ပိုရသူလေးတစ်ယောက်လည်းဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး အပြုံးလှလှလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ နွယ်နွယ်ထွန်းရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ နွယ်နွယ်ထွန်းကတော့ “ရေတွေမြင်ရင် ပျော်တယ် မောင်” လို့ရေးပြီး ဓါတ်ပုံလေးတွေကို တင်လိုက်တာဖြစ်ပါတယ်။

Source: Nwe Nwe Tun