မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ကတော့ Red Velvet အဖွဲ့ရဲ့ ဖျော်ဖြေမှုကို သွားရောက်ကြည့်ရှုဖို့အတွက် အချိန်ဇယားတွေကို ပြန်ပြောင်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။။ ကင်ဂျုံအွန်း ကတော့ ဧပြီလ (၁)ရက်နေ့ ပြုံးယန်းမှာ ပြုလုပ်တဲ့ မြောက်ကိုရီးယားဖျော်ဖြေပွဲကို တက်ရောက်လာခဲ့ပါတယ်။ အမှန်တကယ်တော့ ကင်ဂျုံအွန်းဟာ ဖော်ျဖြေပွဲရဲ့ နောက်ဆုံနေ့မတိုင်ခင်အထိ ပွဲကို မတက်ရောက်ဖို့ ပြုလုပ်ထားခဲ့တာပါ။ ဧပြီလ (၃)ရက်နေ့ကမှ နှစ်နိုင်ငံ ပေါင်းစည်းရေးအတွက် ဖျော်ဖြေရေးကို ကြည့်ရှုဖို့ ပြုလုပ်ထားခဲ့ပေမဲ့လည်း ကင်ဂျုံအွန်းဟာ သူ့ရဲ့ အချိန်ဇယားတွေကို ပြန်ပြီး အစီအစဉ်ချခဲ့တယ်လို့ သိရပါတယ်။

Yonhap သတင်းဌာနရဲ့ သတင်းတွေမှာတော့ “တောင်ကိုရီးယားရဲ့ မိန်းကလေးအဆိုတော် အဖွဲ့ Red Velvetရဲ့ ဖျော်ဖြေမှုကို သွားရောက်ကြည့်ရှုမှာလားဆိုတာ အရမ်းစိတ်ဝင်စားကြပါတယ်။ အမှန်တော့ တဘက်ခါမှာ ပွဲကို တက်မယ်လို့ ဆုံဖြတ်ထားတာပါ။ဒါပေမဲ့ ဒီနေ့လာဖို့အတွက် အချိန်ဇယားကို ပြန်ပြောင်းလိုက်တာ ဖြစ်ပါတယ်။”လို့ မြောက်ကိုရီးယား ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကင်ဂျုံအွန်း တက်ရောက်နိုင်ဖို့အတွက် ပွဲချိန်ကိုလည်း (၁)နာရီနောက်ဆုတ်ပြီး ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။

Source: