Salman Khan ကတော့ ဘောလိဝုဒ်ရဲ့ တကယ့်နာမည်ကြီးမင်းသားတစ်ယောက်ပါ။ အားပေးတဲ့ ပရိသတ်တွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ မင်းသားတစ်ယောက်ပါ။ ပရိသတ်တွေက သူ့ရဲ့ ရုပ်ရှင်ဇာတ်ကား တွေ ကို အရမ်းကို ကြိုက် နှစ်သက်ခဲ့ကြပြီး Box Office မှာလည်း တကယ့်ကို ရလဒ်ကောင်းကောင်းနဲ့ ရပ်တည်နိုင်ခဲ့တဲ့ ဇာတ်ကား တွေ ဖြစ်ခဲ့ပါတယ်။ အိမ်ထဲကနေ အပြင်ထွက် လာပြီဆိုတာနဲ့ ပရိသတ်တွေ က အမြဲတမ်းဝိုင်းအုံနေခဲ့တဲ့ Salman Khan  ကတော့ ဒူဘိုင်းကို ရောက်မှ ပရိသတ်မဲ့တဲ့ သာမန်လူတစ်ယောက် ပြန်ဖြစ်သွားခဲ့ပါတယ်။

pinterest
pinterest

Salman Khan တစ်ယောက် မကြာသေးမီက Dubai Mall ကို သွားရောက်လည် ပတ်ခဲ့ပါ တယ်။ သူ့ရဲ့ ဘော်ဒီဂတ် Shera  လည်း အတူလိုက်ပါခဲ့ပါတယ်။ Dubai Mall  မှာ လွတ် လွတ် လပ်လပ် လျှောက်ပြီးသွားလာခဲ့ပါတယ်။သွားရင်းလာရင်းနဲ့ တစ်နေရာအရောက်မှာတော့ ထိုင်ချ လိုက်ပြီး ဖုန်းထိုင်သုံးနေခဲ့ပါတယ်။ လူတွေ အများကြီး သူ့ရဲ့ ဘေးကနေ ဖြတ်သွား ဖြတ်လာ လုပ်ခဲ့ ပေမယ့် မှတ်မိသူတစ်ယောက်လေးတောင်မှ မရှိခဲ့ပါဘူး။ ဒူဘိုင်း Mall မှာ သွားလာနေတဲ့ သူ့ရဲ့ ဗီဒီယိုဖိုင် အွန်လိုင်းမှာပျံ့ခဲ့ပါတယ်။ fan တွေကတော့ Salman Khan ကို လုံးဝ မသိကြ၊မမှတ် မိကြ လို့ အံ့အားနေကြပြီး၊တစ်ချို့ fan တွေကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး Troll ခဲ့ကြ ပါတယ်။

Salman Khan ကတော့ မကြာသေးမီကမှ သူ့ရဲ့ ဇာတ်ကားသစ် Race 3 ထွက် ရှိထား ပါတယ်။နောက်ထပ်ဇာတ်ကားအနေနဲ့ Bharat ဆိုတဲ့ ဇာတ်ကားမှာ  Priyanka Chopra နဲ့ အတူ တွဲပြီး မြင်ရအုံးမှာပါ။Shah Rukh Kha ပါဝင်သရုပ်ဆောင်မယ့်  Zero  ဇာတ်ကား မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သွားဖို့ လဲ ရှိတယ်လို့ သိရပါတယ်။

Source rvcj.com