လတ်တလောမှာပြသထားတဲ့ Running Man အပိုင်းအသစ်မှာဆိုရင်တော့ Running Manအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ပရိသတ်တွေ့ဆုံမှာ ပြသဖို့အတွက် အကတွေကို လေ့ကျင့်တဲ့ အပိုင်းပါလာခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့မှာတော့ အဖွဲ့ဝင်တွေဟာ နာမည်ကျော် အကဆရာမ Lia Kim ဆီကနေ အကသင်ခဲ့ကြတာဖြစ်ပါတယ်။ ခဏတာ လေ့ကျင့်ပြီးချိန်မှာာပဲ အဖွဲ့ဝင်တွေရဲ့ အကစွမ်းရည်က စတင်ပြီးတော့ တိုးတက်လာခဲ့ပါတယ်။

SBS
SBS

အဲဒီအချိန်မှာတော့   Running Manအဖွဲ့ထဲမှာ အကကောင်းတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ ပေါ်လွင်နေပြီဖြစ်ပါတယ်။ သူတို့တွေကတော့ Kim Jong Kook, Haha, နဲ့ Jeon So Min တို့သုံးယောက်ပဲဖြစ်ပါတယ်။Jeon So Min ကတော့ ဘယ်သူမှ မထင်ထားလောက်အောင်ကောင်းတဲ့ အကစွမ်းရည်ကို ပြသခဲ့ပြီး အရမ်းခက်တဲ့ ကကွက်တွေကိုတောင် ပရိုတစ်ယောက်လို ကပြနိုင်ခဲ့ပါတယ်။

SBS
SBS
SBS

အကဆရာမ Lia Kim ကလည်း Jeon So Min ရဲ့ အကစွမ်းရည်ကို အသိအမှတ်ပြုခဲ့ပါတယ်။ Running Man ပရိသတ်တွေလည်း Jeon So Min ရဲ့ အကစွမ်းရည်ကို ဗီဒီယိုလေးမှာ ကြည့်လိုက်ပါဦးနော်။

source: koreaboo