အမြဲအမိုက်စား ရပ်(ပ်)သီချင်းတွေသီဆိုပြီး လူငယ်ပရိသတ်တွေရဲ့ အားပေးမှုတွေအပြည့်အဝရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်တဲ့ နိုင်းဝမ်းကတော့ ဖေဖေါ်ဝါရီလ (၅)ရက်နေ့က အမေရိကန်သံအမတ်ကြီးရဲ့အိမ်မှာ  သံအမတ်ကြီးနဲ့ အတူ ညစာစားခဲ့ပါတယ်။

ဒီညစာစားပွဲကိုတော့ အမေရိကန်သံအမတ်ကြီးက ဖိတ်ကြားခဲ့တာဖြစ်ပြီး နိုင်းဝမ်းကတော့ သူရဲ့ချစ်သူနဲ့အတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ညစာစားပွဲက ဓါတ်ပုံလေးတွေကိုတော့ နိုင်းဝမ်းက သူ့ရဲ့ ဖေစ်ဘုတ်မှာ “အမေရိကန်နိုင်ငံ သံအမတ်ကြီး Scot Marciel က အိုပါးကို ချစ်လို့ဆိုပြီး မြန်မာနိုင်ငံက သူ့ရဲ့နေအိမ်မှာ ညစားစားပွဲတက်ဖို့ ဖိတ်လို့ စုံတွဲတက်ရောက်”လို့ ရေးပြီး တင်ထားပါတယ်။

နိုင်ဝမ်းရဲ့ ပရိသတ်တွေအတွက်တော့ အရမ်းကို ဂုဏ်ယူစရာကိစ္စလေးပဲနော်။

Source: Kyaw Zin Latt