အနုပညာရှင်တော်တော်များများကတော့ ဒီနေ့ခေတ်မှာ အရမ်းကို ရေပန်းစားလာတဲ့  Facebook ကို သုံးကြပါတယ်။ တစ်ချို့ ဆိုရှယ်မီဒီယာ အသုံးပြုရတာ မကြိုက်တဲ့ သူတွေ တောင်မှ ခေတ်ရေစီးကြောင်းရဲ့ လိုအပ်ချက် တစ်ခု အဖြစ် နဲ့ အသုံးပြုနေကြပါတယ်။FB သုံးမှလည်း ပရိသတ်တွေနဲ့ အနုပညာရှင်တွေကြား ပေါင်းကူးတံတားသဖွယ် အရေး ပါလာပါပြီ။ဆိုရှယ်မီဒီယာ မသုံးတဲ့ မင်းသား နိုင်းနိုင်းလည်း အခုဆိုရင် FB အသုံးပြုလိုက်ပြီလို့ သိရပါတယ်။

နိုင်းနိုင်းကတော့ ကိုယ်ပိုင် Personal အကောင့်ဖွင့်တာမျိုးမဟုတ်ပဲ သူ့နာမည်နဲ့ Page ထောင်လိုက်တာပါ။နိုင်းနိုင်းရဲ့ Fb Page နာမည်ကတော့ (Actor 99) ပါ။မင်းသားနိုင်းနိုင်း Page စတင်အသုံးပြုနေတဲ့ အကြောင်းကို  သူ့ရဲ့ ဇနီး စန္ဒီချိုက  fb မှာ ဧပြီ (၂၉) ရက်နေ့က အခုလို တင်ထားပါတယ်။Fan တွေကို FB အကောင့်သုံးဖို့ တိုက်တွန်းပေမယ့် ဆိုရှယ်မီဒီယာကို မကြိုက်တဲ့ နိုင်းနိုင်းကို ဆိုရှယ်မီဒီယာသုံးလာအောင် တိုက်တွန်းနားချခဲ့ကြောင်း၊နောက်ဆုံး မှာတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို သိအောင် အသုံးပြုဖို့ဆုံးဖြတ်ခဲ့ကြောင်း၊Page ဆိုပေမယ့် (99%) ကို  နိုင်းနိုင်းက ကိုင်တွယ်မှာဖြစ်ပြီး တခြား (1%) လောက်ကိုသာ Admin တွေကို ကိုင်တွယ် မှာဖြစ်တယ်လို့ ဆိုထားပါတယ်။များေ သာ အားဖြင့်နိုင်းနိုင်း ကိုယ်တိုင်သုံးမယ့် အကောင့်လေးပါ။

နိုင်းနိုင်း ပါဝင်ထားတဲ့ “ဒုဋ္ဌဝတီကိုလွန်၍” ဇာတ်ကားကိုတော့ (၄.၅.၂၀၁၈)မှာ ရုံတင်ပြသတော့မှာပါ။ ဒီဇာတ် ကား ကိုေ တာ့ ဒါရိုက်တာ အာကာက ရိုက်ကူးခဲ့တာဖြစ်ပြီး သရုပ်ဆောင်တွေကတော့ အမွန်း၊ဇော်ေ ဇ်ာအောင်၊နော်ေ အာင် ၊Joe Moreira၊ဆန်းထွဋ် ..အစရှိတဲ့ အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားမှာတော့ နိုင်းနိုင်း ကို Europe မှာ ၁၀ စုနှစ်တစ်ခုကျော် ကျင်လည်ခဲ့ပြီး ပန်းဆိုးတန်းက ရှေ့နေရုံးခန်းမှာ ရာဇ၀တ်သားတစ်ယော က်ဖြစ်လာ ခဲ့တဲ့ ထက်ပိုင် အဖြစ်တွေ့ရမှာပါ။

from စန္ဒီချိုရဲ့ fb