Nichkhun ကတော့ ထိုင်း-အမေရိကန် ရက်ပ်ပါ၊ အဆိုတော်၊တေးရေး၊မော်ဒယ်၊ သရုပ်ဆောင်မင်းသားပါ။ တောင်ကိုရီးယား Boy Band ဖြစ်တဲ့ 2PM အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်မင်းသားချော Nichkhun  ကတော့ tvN ရဲ့ ပရောဂျက် သစ် တစ်ခုမှာ ပါဝင်သွားဖို့ရှိပါတယ်။

သူပါဝင်မယ့် ပရိုဂရမ်ရဲ့နာမည်ကိုတော့ Galileo: Awakened Universe’ လို့ ခေါ်ပါတယ်။ SF variety show တစ်ခုပါ။ Mars မှာ ရှိတဲ့ အချက်အလက်တွေကို အခြေခံသွားမယ့် variety show တစ်ခုပါ။ ဒီShow မှာတော့ ဟာသာပညာရှင် Kim Byung Man က ဦးဆောင် သွား မှာ ဖြစ်ပြီး အမေရိကန် Utah ပြည်နယ်မှာရှိတဲ့ Mars Desert Research Station(မားစ်ဂြိုလ် နဲ့ ပတ်သက်တဲ့ သုတေသနစခန်း) မှာ ရိုက်ကူးမှာပါ။
Kim Byung Man ကတော့ “The Law of the Jungle” (SBS) ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ ဒါကြောင့် ခက်ခဲတဲ့ အခြေအနေတွေမှာ ဘယ်လို ရှင်သန်ရမလဲ ဆိုတာကို ကောင်းကောင်းသိ ထားသူပါ။ Galileo: Awakened Universe’ ဆိုတဲ့ variety show မှာတော့ လက်တလောမှာ  Nichk hun နဲ့ Kim Byung Man အပြင် တခြားအဖွဲ့ဝင်တွေ အနေနဲ့ Kim Se Jung နဲ့ Ha Ji Won တို့လည်း ပါဝင်မယ်လို့ သိရပါတယ်။
Source allkpop