ဗီယက်နမ်ဖက်ရှင်မော်ဒယ် Ngoc Trinh  တစ်ယောက် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ၀တ်ခဲ့တဲ့ ၀တ်စုံ ကတော့ တော်ေ တ်ာလေးကို နာမည်ကြီးနေပါတယ်။အရမ်းကို ဖော်လွန်းလို့ နာမည်ကြီးနေခဲ့တာပါ။သူမရဲ့ ၀တ်စုံနဲ့ ပတ်သက်ပြီး ပရိသ တ်တွေ အထူးသဖြင့် ဗီယက်နမ်ပရိသတ်တွေက ဝေဖန် ရှုတ်ချခဲ့ပါတယ်။အခုဆိုရင်တော့ သူမရဲ့ ၀တ်စုံ အတွက် ဒဏ် ကြေး ပေးဆောင်ရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။ဒီအကြောင်းကိုတော့ The Mirror မှာ ဖော်ပြထား တာပါ။

Image – Ngoc Trinh ‘s fb
Image – Ngoc Trinh ‘s fb
Image – Ngoc Trinh ‘s fb

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အသက်(၂၈)နှစ်အရွယ် Ngoc က ကိန်းစ်ရုပ်ရှင်ပွဲ တော်ရဲ့ ကော်ဇောနီထက်ကို လျှော က် လှမ်းလာခဲ့ပါတယ်။World War II epic A Hidden Life ရဲ့ အထူးပွဲသို့ တက်ရောက်ခဲ့တာပါ။ဒီပွဲ မှာတော့ သူမက ထွင်းဖောက် မြင်နေရတဲ့ အပြင် ကြည့်ရတာ အဆင်မပြေတဲ့ ခွဲကြောင်းပါ ၀တ်စုံ ကို ၀တ်ပြီး တက်ရောက် လာခဲ့တာပါ။လည်ပင်းက ကြက်ခြေခတ် Cross ဖြစ်ပြီး၊ရှေ့ရင်နားမှာ ဟထားပါတယ်။ဒါ့အပြင် အဆိုး ဆုံး ကတော့ ဟိုဖက်ဒီဖက်မှာ ခွဲထားတဲ့ ခွဲကြောင်းကြီးတွေပါ။ဗီယက်နမ် ယဉ်ကျေးမှု၊အားကစားနဲ့ ခရီးသွား ၀န်ကြီး ဌာန ကနေ သူမရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပါတယ်။ဗီယက်နမ်ရဲ့ လူမှုရေးကျင့်ဝတ်၊ယဉ် ကျေးမှု ဥပဒေတွေကို ချိုးဖောက်တဲ့ အတွက် ဒဏ်ငွေ ပေးဆောင်သွားရဖွယ်ရှိနေပါတယ်။

Image – Ngoc Trinh ‘s fb
Image – Ngoc Trinh ‘s fb
Image – Ngoc Trinh ‘s fb
Image – Ngoc Trinh ‘s fb

သူမရဲ့ ၀တ်စုံကြောင့် မော်ဒယ်ရော၊ဒီဇိုင်နာကိုပါ ဒဏ်ကြေးကြီးကြီးမားမား ပေးဆောင်ခိုင်းဖို့ ဗီယက် နမ်အာဏာ ပိုင်တွေက စီစဉ်နေကြပါတယ်။Ngoc ကတော့ Photogenic Supermodel Vietman  ဆိုတဲ့ Title ကိုရခဲ့ပြီး သူမရဲ့ ၀တ်စုံကြောင့်  lingerie (အမျိုးသမီးအတွင်းခံ) Queen ဆိုပြီးတော့တောင် ခေါ်ခဲ့ကြပါတယ်။Ngoc Trinh ကတော့ VNEexpress နဲ့ အင်တာဗျူး အတွင်းမှာ ၀တ်မိခဲ့တဲ့ ၀တ်စုံနဲ့ ပတ်သက်ပြီး အခု လို ပြောခဲ့ပါတယ်။”ကျမရဲ့ ၀တ်စုံအတွက် ချီးကျူးစကားသံတွေ အများကြီးရခဲ့တယ်။ဝေဖန်နေတာတွေ အတွက်တော့ ကျမဂရုမစိုက်ဘူ။ဘာ လို့ လဲဆိုတော့ ကျမကိုယ်ကျမ ဒီဝတ်စုံနဲ့ လှတယ်လို့ ခံစားရတယ်လေ။ကိန်းစ် ကော်ဇောနီထက်မှာလည်း ကောင်းတဲ့ ထင်မြင်ချက်တွေ အများကြီးရခဲ့တယ်။တစ်ကမ္ဘာလုံးက လူတွေအားလုံး ကျေနပ် အောင်တော့ ကျမလည်း လုပ်ပေးနို င်မှာမဟုတ်ဘူးလေ..” ဆိုပြီး ပြောခဲ့ပါတယ်။

Image – Ngoc Trinh ‘s fb
Image – Ngoc Trinh ‘s fb
Image – Ngoc Trinh ‘s fb

 

#CELENOW