CJ E&M ကနေ အတော်ဆုံးဇာတ်လမ်းရေးဆရာတွေကို ရှာဖွေဖို့ ပရောဂျက်တစ်ခု ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ဇာတ်လမ်းရေးဆရာတွေကို ရွေးချယ်ပြီး ‘Drama Stage’ဆိုတဲ့ အစီအစဉ်ကနေ ပွဲထုတ်ပေးတော့မှာ ဖြစ်ပါတယ်။ ကျွမ်းကျင်ထုတ်လုပ်သူတွေနဲ့အတူ ပူးပေါင်းပြီး ဇာတ်လမ်းရေးဆရာတွေ ရေးသားထားတဲ့  မတူညီတဲ့ ဇာတ်လမ်းတွေကို tvN နဲ့ CJ E&Mကနေ ပထမဆုံး စီးရီးပေါင်းချုပ်အနေနဲ့ ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီစီးရီးတွေထဲမှာတော့ နာမည်ကျော် အနုပညာရှင်တွေလည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်လို့ ပရိသတ်တွေလည်း ကိုယ်ချစ်တဲ့ အနုပညာရှင်တွေက ဘယ်ဇာတ်လမ်းတွေမှာပါဝင် သရုပ်ဆောင်ကြမယ်ဆိုတာ ကြည့်လိုက်ပါဦးနော်။

1. Manager Park’s Private Life

ဒီဇာတ်လမ်းကတော့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ မန်နေဂျာအဖြစ် အလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လူသိမခံတဲ့ ဘဝအကြောင်းကို ပုံဖော်ထားတာဖြစ်ပါတယ်။

2. Ms. B and Love Letters

တစ်ခါမှ မချစ်ဖူးတဲ့ မိန်းကလေးတစ်ယောက်က တစ်နေ့မှာတော့ အမည်မသိတဲ့ သူတစ်ယောက်ဆီက ရည်းစားစာတွေရပြီး သူမရဲ့ သာမန်ဘဝလေးမှာ စိတ်လှုပ်ရှားစရာလေးတွေ ရှိလာတဲ့အကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ Running Manရဲ့ နာမည်ကျော် Song Ji Hyo က ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

3. The History of Walking Upright

ဒီဇာတ်လမ်းလေးကတော့ တစ်ရက်ကို နှစ်ကြိမ်ပျောက်နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေး Mina ဟာ အခြားကောင်မလေးကို ကြိုက်နေတဲ့ သူမရဲ့ Crush ဆီက အချစ်ကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားတဲ့အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ Gugudan ရဲ့ Mina က ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

4. Last Meal Chef

ဒီဇာတ်လမ်းလေးကတော့ သေဒဏ်ကျတဲ့ခံရမယ့် ထောင်သားတွေရဲ့ နောက်ဆုံးညစာကို ချက်ပြုတ်ပေးရတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ အဲဒီအမျိုးသမီးရဲ့ ရည်မှန်းချက်ကတော့ ဓါတ်ပုံဆရာတစ်ယောက်ဖြစ်ဖို့ပါ။ အဲဒီအတွက်လည်း အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သေဒဏ်ကျခံရတော့မယ်ဆိုတာကို မသိတဲ့ စိတ်မနှံ့တဲ့ ထောင်သားတစ်ဦးနဲ့တွေ့တဲ့ အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

5. Ms. Fighter

လူမှုအဖွဲ့အစည်းမှာ မိန်းကလေးတွေကို ခွဲခြားဆက်ဆံမှုတွေကို ဆန်ကျင်ဖို့အတွက် သတ္တိရှိရှိနဲ့ သူမရဲ့အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။

6. Poem Collection

ဒီဇာတ်လမ်းကတော့ အချစ်ဦးရဲ့ အကြောင်းတွေကို ပြန်လည်အမှတ်ရခဲ့တဲ့၊ အသက် (၁၇)ခုနှစ်အရွယ်မှာ ရေးထားခဲ့တဲ့ ကဗျာစာအုပ်လေးကို ပြန်လည်တွေ့ရှိခဲ့တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။

Source: Koreaboo