Goblin ဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Gong Yooကတော့ သူ့ရဲ့ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုနဲ့ အထူးသဖြင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အ၀ ရရှိထားတဲ့ သူတစ်ယောက်ပါ။ Gong Yooရဲ့ အေဂျင်စီဖြစ်တဲ့ Soop entertainment ကနေ ပရိသတ်တွေအတွက် ဆောင်းရာသီ လက်ဆောင်အဖြစ် Gong Yooရဲ့ ဓါတ်ပုံအမိုက်စားတွေကို ထုတ်ပေးလိုက်ပါတယ်။ ဓါတ်ပုံထဲက Gong Yooရဲ့ အပြုံးချိုချိုလေးက ပျော်ရွှင်စေတဲ့ ခံစားချက်တစ်ခုကိုတော့ လူတိုင်းကို သေချာပေါက် ခံစားစေရမှာပါ။

Source: kstarlive