ဖေစ်ဘုတ်ပေါ်မှာ ဟာသဗီဒီယိုတွေတင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိလာတဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေးဟာ သေလောက်တဲ့ ရိုက်နှက်ထိုးကြိတ်မှုကို ခံရပြီး ဇန်န၀ါရီလ ၂ရက်နေ့မှာ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒီသေဆုံးမှုဟာတော့ မြန်မာနိုင်ငံရဲ့ အနုပညာလောကအတွက်လည်း အရမ်းကို ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။ ဟာသဗီဒီယိုတွေနဲ့ ပရိသတ်တွေကို ပျော်ရွှင်အောင် အမြဲဖန်တီးပေးတတ်တဲ့ အောင်ရဲထွေးကတော့ ပရိသတ်တွေကို အပြီးအပိုင် နှုတ်ဆတ်သွားခဲ့ပါပြီ။

ဒါပေမဲ့လည်း အောင်ရဲထွေးမသေဆုံးခင်က ရိုက်ကူးခဲ့တဲ့ ဖေစ်ဘုတ်ပေါ်မှာ မတင်ရသေးတဲ့ ဗီဒီယို အသစ်လေးတွေကို အောင်ရဲထွေးရဲ့ ညီဖြစ်သူ နေဇင်လတ်က သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ပေးလိုက်ပါတယ်။

နောက်လည်း ဗီဒီယိုအသစ်လေးတွေ ထပ်တင်ပေးပါဦးမယ်လို့လည်း သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ ပြောထားပါသေးတယ်။အောင်ရဲထွေးရဲ့ ပရိသတ်တွေကတော့ ဒီဗီဒီယို အသစ်လေးတွေကို အလွမ်းပြေ ကြည့်ရှုရတော့မှာပါ။

Aung Yell Htwe video အသစ်လေးပါ နောက်ထက်အသစ်တွေလာမယ်

Posted by Nay Zin Latt on Thursday, January 4, 2018

 

Source: Nay Zin Latt