ပရိသတ်တွေချစ်ကြတဲ့ နာမည်ကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မင်းသားကြီး အကယ်ဒမီ နေတိုးကတော့ “ဗိုလ်နေတိုး”ဆိုတဲ့ ဇာတ်ကားထဲမှာ နာမည်ကျော်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ သက်မွန်မြင့်၊ ပိုင်ဖြိုးသု၊ နေမျိုးအောင် တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်လျက် ရှိပါတယ်။

ဒီဇာတ်ကားကတော့ ဖိုက်တင်အတိုက်အခိုက်အခန်းတွေ အများကြီးပါတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ စတီးလ်ကနေ တာဝန်ယူ ရိုက်ကူးနေတာဖြစ်ပါတယ်။ ပရိသတ်တွေ မျှော်လင့်နေတဲ့ ဇာတ်လမ်းကောင်း တစ်ခုဖြစ်လာဖို့ အတွက် သရုပ်ဆောင်တွေ ဘက်ကလည်းအပြင်းအထန် ကြိုးစားရိုက်ကူးနေကြတာဖြစ်ပါတယ်။

အံ့သြမှင်သက်စေတဲ့ သရုပ်ဆောင်ချက်တွေနဲ့  ပရိသတ်တွေကို ရသမျိုးစုံပေးလေ့ရှိတဲ့ နေတိုးကိုလည်း ဒီဇာတ်ကားထဲမှာ အရမ်းကို ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ အခုဖေါ်ပြပေးခဲ့တဲ့ “ဗိုလ်နေတိုး” ဇာတ်ကားရဲ့ ရိုက်ကွင်းက ဓါတ်ပုံတွေကိုတော့ နေတိုးက သူရဲ့ဖေ့စ်ဘုတ်မှာ တင်ပေးထားတာဖြစ်ပါတယ်။

Source: Nay Toe