ပြည်သူချစ်အနုပညာရှင်တစ်ဦး ဖြစ်တဲ့ သရုပ်ဆောင်နေတိုးဟာ ရုပ်ရှင်ကားကြီးများစွာကို ရိုက်ကူးလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာလည်း ရုပ်ရှင်ကားကြီးများစွာကို ရိုက်ကူးပြီးစီးခဲ့ပြီး ရုံတင်ခဲ့တဲ့ ရုပ်ရှင်ကားတိုင်းကလည်း အောင်မြင်မှုတွေများစွာရရှိခဲ့ပါတယ်။ ထာဝရအင်းလေး ရုပ်ရှင်ဇာတ်ကားဟာလည်း ၂၀၁၈ ခုနှစ်မှာကြည့်ရှုရမယ့် ဇာတ်ကားကြီးတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ရင်းနဲ့လည်း ပရိသတ်အတွက် အကြိမ်ကြိမ်ပြန်ထပြီး ကြိုးစားခဲ့တယ်လို့ နေတိုးက သူရဲ့ ဖေစ့်ဘုတ်မှာပြောထားပါတယ်။

source: Nay Toe