ပရိသတ်တွေချစ်တဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသမီးချောလေး ရွှေမှုံရတီနဲ့ နာမည်ကျော်မင်းသားချော အကယ်ဒမီနေတိုးတို့ကိုတော့ ရုပ်ရှင်ဇာတ်ကားတစ်ကားထဲမှာ အတူတွဲပြီး မြင်တွေကြရတော့မှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ အရင်ကလည်း ရုပ်ရှင်ကားတွေထဲမှာ အတူတွဲဖက်ပြီး သရုပ်ဆောင်ခဲ့ဖူးပါတယ်။

အခုတစ်ခါမှာလည်း သူတို့နှစ်ဦးဟာ “သဲသဲလှုပ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို အတွဲညီညီနဲ့ ရိုက်ကူးနေတာဖြစ်ပါတယ်။သူတို့နှစ်ဦးကတော့ပန်းမြို့တော်ဖြစ်တဲ့  ပြင်ဦးလွင်မြို့မှာ ရုပ်ရှင်ရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကွင်းက ဓါတ်ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပါသေးတယ်။

အနုပညာမောင်နှမနှစ်ဦး ဖြစ်ကြတဲ့ ရွှေမှုံရတီနဲ့ နေတိုးတို့ကတော့ “သဲသဲလှုပ်”ရုပ်ရှင်ဇာတ်ကားမှာလည်း ဘယ်လို အတွဲညီညီ သရုပ်ေ်ဆာင်ကြမယ်ဆိုတာတော့ ပရိသတ်တွေစောင့်မျှော်ကြည့်ရှုရဦးမှာပါ။ ချစ်စရာကောင်းတဲ့ သူတို့နှစ်ယောက်ရဲ့ ဓါတ်ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Shwe hmone Yati, Nay Toe