ပရိသတ်တွေရဲ့ တခဲနက် အားပေးချစ်ခင်မှုတွေရရှိထားတဲ့ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ အဆိုတော် နီနီခင်ဇော်နဲ့ အကယ်ဒမီမင်းသားကြီး နေတိုးတို့ကတော့ အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ဆောင်လျက်ရှိပါတယ်။

နီနီခင်ဇော်နဲ့ နေတိုးတို့က Samsung အတွက် ကြော်ငြာရိုက်ကူးနေတာဖြစ်ပြီး ဒါဟာ သူတို့နှစ်ယောက် အတူရိုက်ကူးတဲ့ ပထမဆုံး ကြော်ငြာလည်း ဖြစ်တာကြောင့် ပရိသတ်တွေကတော့ ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပါပြီ။

ကြော်ငြာရိုက်ကွင်းပေါ်က နီနီခင်ဇော်နဲ့ နေတိုးတို့ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လိုက်ဖက်ညီညီ နဲ့သရုပ်ဆောင်နေကြတဲ့ သူတို့နှစ်ဦးကို အားပေးလိုက်ကြပါဦးနော်။

Source: Nay Toe