ဗီဒီယိုချစ်ပရိသတ်တွေရဲ့ အသည်းစွဲမင်းသားကြီးတစ်ယောက်ဖြစ်တဲ့ နေထူးနိုင်ကတော့ သူရဲ့ ပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားအသစ်တစ်ခုကို ပြင်ဆင်လို့နေပါပြီ။ ဇာတ်ကားရဲ့ နာမည်ကတော့ “ဝါဆိုမိုးနဲ့ ပြန်ခဲ့ပါ”လို့ အမည်ရပြီး ပရိသတ်တွေရင်းနှီးပြီးး နာမည်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ မွန်ပြည်နယ်မှာ သွားရောက်ရိုက်ကူးနေတာဖြစ်ပြီး မင်းသားကြီးနေထူးနိုင်ကို အားပေးတဲ့ ပရိသတ်တွေကလည်း နေထူးနိုင်ဆီကို လာရောက်တွေ့ဆုံခဲ့ကြပါတယ်။

ဝါဆိုမိုးနဲ့ ပြန်ခဲ့ပါဇာတ်ကားကိုတော့ ဗညားဟန်နဲ့မင်းဂျွန်စိုးရဲ့ (ဝါဆိုမိုးနဲ့ပြန်ခဲ့ပါ/သမုဒ္ဒယဝါဆိုမိုး/ရာမညမြေမှာ ဝါဆိုမိုးသီးချင်း(၃)ပုဒ်နဲ့ ဇာတ်အိမ်ဖွဲ့ပြီး ရိုက်ကူးသွားမှာ ဖြစ်တယ်လို့လည်း  ဆိုပါတယ်။ နေထူးနိုင်ကတော့ ဒီဇာတ်လမ်းအတွက် အပီအပြင် သရုပ်ဆောင်နေတဲ့ သူရဲ့ ပုံတွေကိုလည်း ဖေစ်ဘုတ်မှာ တင်ထားပါသေးတယ်။

ဗီဒီယိုဇာတ်ကား ချစ်ပရိသတ်တွေအတွက်တော့ စောင့်မျှေုာ်ကြည့်ရှုရမယ့် ကားကောင်းတစ်ကား ဖြစ်မှာပါ။

Source: Nay Htoo Naing