ဗီဒီိယိုရုပ်ရှင်ပရိသတ်တွေရဲ့ အသည်းစွဲမင်းသားတစ်ဦးဖြစ်တဲ့ နေဒွေးကတော့ သူ့ကို ထိပါးပြောဆိုလာတဲ့ ဖေ့စ် ဘုတ်ပေါ်က အမျိုးသမီးတစ်ယောက်ကို စိတ်မကောင်းစွာနဲ့ပဲ အမှုဖွင့်လိုက်တဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ထိုအမျိုးသမီးနဲ့ ကတောက်ကဆ စဖြစ်ခဲ့တာကတော့ နေဒွေးက သူရဲ့ ဖေစ်ဘုတ်အကောင့်ကနေ Live လွှင့်စဉ်မှာ ထိုအမျိုးသမီးဟာ “ညီညီမောင်စမ်းချောင်းနဲ့တူတယ်”လို့ ကွန်းမန့်ရေးသားခဲ့ပြီး နေဒွေးက “ညီမလေးမှန်ထဲပြန်ကြည့်ပါ”လို့ပြန်လည်ပြောဆိုခဲ့ရာကနေ အစပြုခဲ့တာဖြစ်ပါတယ်။

အဲဒီကိစ္စပြီးနောက်မှာတော့ ထိုအမျိုးသမီးဟာ သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ နေဒွေးကို သိက္ခာကျစေမယ့်စာတွေရေးသားခဲ့လို့ ဥပဒေအရ အရေးယူဖို့ အမှုဖွင့်လိုက်တာဖြစ်တယ်လို့လည်း နေဒွေးရဲ့ စာထဲမှာရေးသားထားတာတွေ့ရပါတယ်။   နေဒွေးကတော့ ဒီအကြောင်းတွေကို သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ အခုလိုပဲ ပုံတွေနဲ့တကွတင်ပြီး ရေးသားထားပါတယ်။

Source: NAy dway