Beauty Blogger တစ်ယောက်အဖြစ်သာမက အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ်ပါ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့ သူတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ သူမရဲ့ အမိုက်စား ပွဲတက်ဖက်ရှင်နဲ့ ပရိသတ်တွေရဲ့ အမြင်အာရုံကို ဖမ်းစားလိုက်ပြန်ပါပြီ။ နေခြည်ဦးကတော့ မေလ ၂၆ရက်နေ့မှာ Elizabeth Spa ဖွင့်ပွဲလေးကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အမြဲဖက်ရှင်ကျလှပနေတဲ့ နေခြည်ဦးကတော့ ဒီပွဲလေးကိုလည်း ပရိသတ်တွေ အံ့အားသင့်သွားစေမယ့် အလန်းစား ဖက်ရှင်နဲ့ တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ နေခြည်ဦးကတော့ လိမ္မော်ရောင် ဝတ်စုံလေးနဲ့ အရမ်းကိုလှနေတာ အရုပ်မလေးလို့တောင် အထင်မှားရလောက်အောင်ပါပဲ။

နေခြည်ဦးရဲ့ ပရိသတ်တွေအတွက် နေခြည်ဦးရဲ့ အမိုက်စားပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

source: Nay Chi Oo