မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲ Beauty Blogger တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ မိတ်ကပ်ပညာရပ်ပိုင်းမှာ သာမက အနုပညာလောကမှာလည်း တဖြည်းဖြည်းနဲ့ အောင်မြင်လာတဲ့ အနုပညာရှင်တစ်ဦး ဖြစ်နေပါပြီ။ ကြောငြာတွေ၊ ရုပ်ရှင်တွေလည်း ရိုက်ကူးနေရပြီး ဖိုတိုရှုပေါင်းများစွာကို ရိုက်ကူးနေရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

နေခြည်ဦးဟာ ငပလီကမ်းခြေမှာလည်း LUSH မဂ္ဂဇင်းအတွက် ကာဗာဖိုတိုရှု ပြုလုပ်ခဲ့ပါတယ်။  ယနေ့မှာတော့ LUSH မဂ္ဂဇင်းကနေ နေခြည်ရဲ့ ဆွဲဆောင်အားကောင်းလွန်းတဲ့ ပုံရိပ်တွေကို သူတို့ရဲ့ LUSH Magazine Myanmarရဲ့ ဖေစ့်ဘုတ်ပ်ါမှာ တင်ပေးခဲ့တာဖြစ်ပါတယ်။

နေခြည်ဦးရဲ့ ပရိသတ်တွေကတော့ နေခြည်ဦးရဲ့ ညို့အားပြင်းတဲ့ အလှမှာ နစ်မြောပြီး ဓါတ်ပုံတွေကို အရမ်းကို သဘောကျနေကြပါတယ်။

Source: Nay Chi Oo