Beauty Blogger တစ်ယောက်အဖြစ် နာမည်ကြီးပြီး မိန်းကလေးပရိသတ်တွေ အများကြီးပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်တဲ့ နေခြည်ဦးကတော့ အလှအပနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို လူမှုကွန်ရက်ကနေ တစ်ဆင့်ပရိသတ်တွေကို မျှဝေပေးတတ်သူတစ်ယောက်ပါ။ နေခြည်ဦးက ဒီကနေ့မှာ သူမရဲ့ မျက်နာအစိတ်အပိုင်းအချို့ကို ပြောင်းလဲမှုလေးတွေပြုလုပ်မယ့် အကြောင်းကို ပရိသတ်တွေကို ဖွင့်ဟထားပါတယ်။

နေခြည်ဦးက ယနေ့မှာ သူမရဲ့ မျက်နာကို ခွဲစိတ်ပြုပြင်ဖို့အတွက် ကိုရီးယားနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ နေခြည်ဦးနဲ့အတူ သူမရဲ့ မိခင်ကလည်း လိုက်ပါသွားခဲ့ပါတယ်။ နေခြည်ဦးကတော့ ဆာဂျရီမလုပ်မီ သူမရဲ့ မျက်နာကို နောက်ဆုံးအနေနဲ့ အင်စတာဂရမ်ပေါ်မှာ တင်ပေးထားပါတယ်။ နေခြည်ဦးကတော့ သူမရဲ့ ဆာဂျရီမလုပ်မီ ဓါတ်ပုံလေးကို တင်ပြီး ပရိသတ်တွေအတွက်လည်း စကားလေးအချို့ ပြောထားပါသေးတယ်။

“လူတိုင်းက လှပြီးတော့ ဆွဲဆောင်မှုရှိကြတဲ့ သူတွေပါ။ ကိုယ့်ကိုကိုယ် ပျော်ရွှင်စေတဲ့အရာတွေကိုပဲ လုပ်ပါ။ ဒါပေမဲ့ မျက်ရစ်နှစ်ထပ်နဲ့ ကေပေါ့ဆန်တဲ့ နှာခါင်းပုံစံမျိုးကို လိုချင်တဲ့ သူတစ်ယောက်ဆိုရင်တော့ ကိုယ်လုပ်ချင်တဲ့အရာကို လုပ်သာလုပ်လိုက်ပါ။ အသေးအမွှားလေးတွေကို လိုက်ပြီး အာရုံစိုက်နေဖို့အတွက် ဘဝက တိုတောင်းလွန်းပါတယ်” လို့ နေခြည်ဦးကတော့ ပြောပြထားပါတယ်။

နေခြည်ဦးရဲ့ ပလတ်စတစ်ဆာဂျရီကတော့ ဒီကနေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး သူမရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေမှာ ခွဲစိတ်မှုပြုလုပ်နေစဉ် Live လွှင့်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Source: Nay Chi Oo