မိန်းကလေးပရိသတ်တွေ အများကြီးပိုင်ဆိုင်ထားတဲ့ beauty blogger တစ်ဦးဖြစ်တဲ့ အပြင် သရုပ်ဆောင်လောကမှာပါ အောင်မြင်လာတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်တဲ့ နေခြည်ဦးကတော့ တဖြည်းဖြည်းနဲ့ ပရိသတ်တွေကြားမှာ ပိုပြီးတော့ အောင်မြင်ကျော်ကြားမှုတွေရရှိလာသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေလည်း မကြာခဏခံရတဲ့ ဆယ်လီတစ်ဦးလည်း ဖြစ်ပါတယ်။

လတ်တလောမှတော့ ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီးတော်တော်လေးကို  ပျံ့နှံ့လျက်ရှိပါတယ်။ သူမကတော့ အရင်ကလည်း မြန်မာနိုင်ငံရဲ့နာမည်ကြီးမင်းသားတစ်ဦးနဲ့ ချစ်သူတွေဖြစ်ခဲ့ဖူးပြီး ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေကိုလည်း ခံခဲ့ရဖူးပါတယ်။ ဒါကြောင့် သူမဟာ နောက်ပိုင်းမှာတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး သိုသိုဝှက်ဝှက်နေလေ့ရှိပါတယ်။ ဒါပေမဲ့လည်း ဆယ်လီတစ်ဦးဖြစ်တဲ့ နေခြည်ဦးရဲ့ အချစ်ရေးကတော့ ပရိသတ်တွေကြားမှာ တော်တော်လေးကို ပျံ့နှံ့လို့နေပါပြီ။

အခုလတ်တလောမှာလည်း နေခြည်ဦးဟာ သူမရဲ့ ချစ်သူကောင်လေးလို့ ယူဆရတဲ့သူနဲအတူ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဖူးခက်ကမ်းခြေ့ကို ရောက်ရှိနေတဲ့ ပုံပါပဲ။သူတို့နှစ်ဦးကတော့ သူတို့ရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာ အကောင့်ပေါ်မှာ တစ်နေရာတည်း ရိုက်ထားတဲ့ ဓါတ်ပုံတွေကို တစ်ရက်တည်းမှာ အချိန်သိပ်မကွာပဲ အတူတင်ထားကြတာဖြစ်ပါတယ်။ အရင်ကလည်း အလိုပဲ တစ်နေရာတည်းမှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို အတူတူ တင်ခဲ့ဖူးပါသေးတယ်။

 

နှစ်ဦးနှစ်ဖက်လုံးဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှဖြေရှင်းခြင်းတော့ မရှိသေးပေမဲ့ ပရိသတ်တွေကြားမှာတော့ နေခြည်ရဲ့ အချစ်ရေးကတော်တော်လေးကို ပျံ့နှံ့နေပါပြီ။

 

Source: Facebook, NCO, ANO