မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုတွေ တခဲနက်ကြီး ရရှိထားတဲ့ Beauty Blogger တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ အနုပညာလောကထဲကို ဝင်ရောက်လာပြီး ပရိသတ်တွေရဲ အသိအမှတ်ပြုမှုရရှိဖို့အတွက် အမြဲကြိုးစားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ ခရီးတွေလည်း မကြာခဏထွက်တတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာလည်း နေခြည်ဦးဟာ Keemala ကမ်းခြေကို ရောက်ရှိနေပါတယ်။ သူမရဲ့ ခရီးသွားပုံရိပ်လေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ ပြန်လည် မျှဝေလေ့ရှိတဲ့ နေခြည်ဦးကတော့ Keemala ကမ်းခြေမှာ ရေကူးပြီးအပန်းဖြေနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပါသေးတယ်။

အမြဲခပ်မိုက်မိုက် ဒီဇိုင်းတွေနဲ့ ဖမ်းစားတတ်တဲ့ နေခြည်ဦးကတော့ သူမရဲ့ ပုံစံအသစ်လေးတွေနဲ့လည်း ပရိသတ်တွေရဲ့ အကြည့်တွေကို ထပ်ပြီးတော့ ဖမ်းစားလိုက်ပြန်ပါပြီ။ ပရိသတ်တွေအတွက် နေခြည်ဦးရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Nay Chi Oo