MRTV-4 ရဲ့ နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “အရိပ်” ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိလာတဲ့ အမျိုးသားသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နက္ခတ်ကတော့ သူရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို ဖုံးကွယ်မထားတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း နက္ခတ်က သူရဲ့ ချစ်သူကောင်မလေးကို ပရိသတ်တွေရှေ့မှာ အတိအလင်း ထုတ်ပြလိုက်ပါပြီ။ နက္ခတ်ကတော့ သူ့ရဲ့ ကောင်မလေးနဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံလေးကို တင်ထားပြီး “ကျနော့ ချစ်သူ ကောင်မလေးကို
ကိုယ့်ကိုကိုယ် ထက်ပိုပီးချစ်တယ်” လို့လည်း ရေးထားပါသေးတယ်။

နက္ခတ်ကတော့ သူ့ရဲ့ ချစ်သူကောင်မလေးကိုလည်း သူ့ကို ချစ်သလိုပဲ ချစ်ပေးကြပါလို့ ပရိသတ်တွေကိုလည်း တောင်းဆိုထားပါတယ်။ ပရိသတ်တွေကတော့ နက္ခတ်ရဲ့ အချစ်ရေးကို အားပေးတဲ့ အကြောင်းတွေ အနုပညာအလုပ်တွေကိုလည်း ဆက်ပြီး အားပေးသွားမှာ ဖြစ်တဲ့အကြောင်းတွေကို ကွန်းမန့်ရေးသားခဲ့ကြပါတယ်။

ပရိသတ်တွေလည်း နက္ခတ်ရဲ့ ရှေ့လျှောက် အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ပါဦးနော်။

Source: Nat khat