Myanmar Idol Season 3 ပြိုင်ပွဲကြီးကိုတော့ ကျင်းပပြုလုပ်လျက်ရှိပါတယ်။မြန်မာနိုင်ငံ တစ်ဝန်း လုံးက ပရိသတ် တွေ အပြင် အနုပညာရှင်ဆယ်လီ အချင်းချင်းကပါ နှစ်ခြိုက် အားပေးတဲ့ အဆိုပြိုင်ပွဲကြီးပါ။ပြိုင်ပွဲနဲ့ပတ်သက်ပြီး ပရိသတ် တွေရဲ့ အမြင်တွေ၊ဝေဖန်မှုတွေကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပလူပျံနေပါတယ်။နန်းသီရိမောင် ကလည်း ဇူလိုင်(၅)ရက်နေ့ကတော့ Myanmar Idol Season 3 ရဲ့ပြိုင်ပွဲဝင်တွေဟာ မိုးရာသီ သီချင်းများနဲ့ ယှဉ်ပြိုင် ခဲ့ကြပါတယ်။

 

အဲ့ဒီနေ့ညက သူမကြည့်လိုက်ရတဲ့ ပြိုင်ပွဲနဲ့ပတ်သက်ပြီး နန်းသီရိမောင်က သူမရင်ထဲ က ဖြစ်ပေါ် လာတဲ့ ခံစား ချက် တွေကို သူမရဲ့ fb မှာ အခုလို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်ပါတယ်။

“အန်ကယ်ရင်ကိုအေးမြစေပါဒေ
မင်းထက်ကောင်းတဲ့သူတွေ့လာမှာ မုတ်ဘူး ..အန့်ကယ့်ကိုကြည့်ရင်း
သရေတွေကျလာပီ ..အန်ကယ့်ဒိုင်ခုံရှေ့ စပိုင်ဒါမန်းလိုခုန်တတ် တရမ်းရမ်း ရမ်းပြောနေတဲ့ လက် မှာစွပ်ထားတဲ့ လက်စွပ်ကြီးကိုပဲပြေးခြွတ်ချင်တာပါပဲ
ဒါ ကိုယ့်အိုင်ဒေါ ဖီလင် မိုး ဟိုး ဟိုးဟိုးး..” ဆိုပြီး ပြောခဲ့ပါတယ်။ဒိုင်တွေ ၀တ်ဆင်လာတဲ့ လက်စွပ် တွေကို ကြည့်ပြီး သဘောကျ၊လိုချင်လာမိတယ်လို့ ပြောခဲ့တာပါ။

from နန်းသီရိမောင်