မော်ဒယ် နန်းမွေ့စံကတော့ သူမရဲ့ ဆေးကုသခွင့်လိုင်စင် အသိမ်းခံလိုက်ရတာနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ရင်ဖွင့် လိုက်ပါတယ်။ဆေးကုသခွင့်လိုင်စင်ပြန်အသိမ်းခံလိုက်ရတဲ့ အကြောင်းကိုတော့ နန်းမွေ့စံက သူမရဲ့ FB Page ပေါ် ကနေ အားလုံးကို အသိပေးထားလိုက်တာပါ။အခုလို ပြန်သိမ်းခံလိုက်ရတဲ့ အဓိက အကြောင်းအရင်းကတော့ သူမရဲ့ ၀တ်စားဆင်ယင်မှုတွေကြောင့်ပါ။မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ၀တ်စားဆင်ယင်မှုတွေ ကြောင့် သူမကို အရင်က လည်း သတိပေးခဲ့ပြီးဖြစ်တယ်လို့ ကြေညာစာမှာ ဖော်ပြချက်တွေ အရသိရပါတယ်။

Image from Nang Mwe San ‘s fb
Image from Nang Mwe San ‘s fb
Image from Nang Mwe San ‘s fb

မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို Fb ပေါ်မှာ တင်နေတာတွေကို ဆက်လက် ဆောင် ရွက် ခြင်းမပြုဟု (၁၄.၁.၂၀၁၉)မှာ ကတိက၀တ်ပြုခဲ့ပေမယ့်လည်း အဲ့ဒီနေ့ နောက်ပိုင်း (၃) လ ကျော်သည့်တိုင်အောင်  ဆက်လက် လုပ်ဆောင်နေတဲ့ အတွက် မြန်မာနိုင်ငံဆေးကောင်စီအလုပ်အမှုဆောင် အဖွဲ့ ကနေ နန်းမွေ့စံရဲ့ အထွေ ထွေ ဆေးကုသခွင့်လိုင်စင်ကို ပြန်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ကြေညာ စာ ရဲ့ ရက်စွဲ ကတော့ ဇွန်လ (၃)ရက်နေ့ (၂၀၁၉) ဆိုပြီး ဖော်ပြထားပါတယ်။

Image from Nang Mwe San ‘s fb
Image from Nang Mwe San ‘s fb
Image from Nang Mwe San ‘s fb

ကြေညာစာကို နန်းမွေ့စံက သူမရဲ့ fb မှာ တင်ပြီး “What is human right? where is democracy???…” ဆိုပြီး Caption ရေးထားပါတယ်။

Image from Nang Mwe San ‘s fb
Image from Nang Mwe San ‘s fb
Image from Nang Mwe San ‘s fb
Image from Nang Mwe San ‘s fb

Source နန်းမွေ့စံရဲ့ fb Page