နန်းခင်ဇေယျာကတော့ အနုပညာလောကမှာ ရပ်တည်နေတဲ့ Miss အလှမယ်တစ်ယောက်ပါ။ သူမဟာ (၂၀၁၂) တုန်းက  Miss International Myanmar အလှမယ်သရဖူကို ဆွတ်ခူးခဲ့သူပါ။ သူမဟာ “NONSTOP ” ဆိုတဲ့ တေးစီးရီးလည်း ထွက်ရှိခဲ့ဖူးပါတယ်။ အခုနောက်ပိုင်းမှာတော့ ဖက်ရှင်ပိုင်းနဲ့ မိတ်ကပ်ပြင်ဆင်မှုပိုင်းမှာ သိသိသာသာကို ပိုမိုက်လာတာကို တွေ့ရပါတယ်။

နန်းခင်ဇေယျာကတော့ သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ပုံအသစ်လေးတွေ တင်ထားပါတယ်။ အနက်ရောင် စွပ်ကျယ်နဲ့ ဘောင်းဘီတိုလေးကို ၀တ်ဆင်ထားတာပါ။ ဆံပင်ကတော့ ကာလာဆန်းနဲ့ အရမ်းကို မိုက်နေတဲ့ ပုံလေးတွေပါ။

နန်းခင်ဇေယျာကတော့ Body Fitness ဘက်ကိုလည်း အတော်လေး လိုက်စားလာတာကို တွေ့ရပါတယ်။ သူမရဲ့ အကောင့်မှာလည်း Gym ကစားတဲ့ ပုံလေးတွေကို တင်ထားပါတယ်။ နန်းခင်ဇေယျာရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ “သစ္စာတရားရဲ့အမိန့်ပေးသံ” ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သွားဖို့ ရှိပါတယ်။ ဒါရိုက်တာ စတီးလ်ဖြစ်ပြီး မင်းမော်ကွန်း၊ အလင်းရောင်၊ နေမျိုးအောင်၊ ထူးခြား၊ ထွန်းကိုကို၊ အေးမြတ်သူ၊ နန်းခင်ဇေယျာ … အစရှိတဲ့ အနုပညာရှင်တွေ ပါဝင်သွားမယ်လို့ သိရပါတယ်။

from နန်းခင်ဇေယျာ်