တစ်ချိန်က ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို တခဲနက်ရရှိခဲ့တဲ့ သူတစ်ယောက်ဖြစ်တဲ့  နန္ဒာလှိုင်ကတော့ ပျော်ရွှင်တဲ အိမ်ထောင်မိသားစု ဘဝလေးကိုချစ်ရတဲ့ ခင်ပွန်းနဲ့ အတူ တည်ဆောက်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ အနုပညာနယ်ပယ်မှာ မတွေ့ရတော့ပေမယ့် ဆိုရှယ်မီဒီယာပေါ်မှာ  ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ မေလ (၆)ရက်နေ့မှာလည်း သူမရဲ့ ခင်ပွန်းနဲ့ အိမ်ထောင်သက်တမ်း ၁၀နှစ်ပြည့်သွားပြီ ဖြစ်တဲ့အကြောင်းကို ပြောပြထားပါသေးတယ်။ နန္ဒာလှိုင်ကတော့ “ဘာလိုလိုနဲ့ ၁၀ နှစ်တောင်ရှိခဲ့ပြီ
၁၀ နှစ်လုံးဘယ်တော့မှ စိတ်မဆင်းရဲခဲ့ရတဲ့အတွက် အမြဲစိတ်ချမ်းသာစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ယောကျာ်းရယ်” လို့ရေးပြီး သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ခင်ပွန်းသည်ကို ကျေးဇူးတင်ကြောင်း ပြောထားတာဖြစ်ပါတယ်။

ပရိသတ်တွေလည်း နန္ဒာလှိုင်တို့ရဲ့ အိမ်ထောင်သက်တမ်း(၁၀)နှစ်ပြည့် အတွက် ဂုဏ်ပြုဆုတောင်းစကားလေး ပြောပေးလိုက်ကြပါဦးနော်။

Source: nandar hlaing