အရုပ်မလေးလို ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်လေး နန်းဆုရတီစိုးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ နန်းဆုက သူမရဲ့ လူမှုကွန်ရက် အကောင့်ပေါ်မှာ ပရိသတ်တွေကို အားကျသွားစေမယ့် အရာလေးတစ်ခုကို တင်ပေးထားပါတယ်။

နန်းဆုက မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက အဝတ်ဗီရိုအခန်းကြီးကို ပရိသတ်တွေကို ထုတ်ပြလိုက်တာဖြစ်ပါတယ်။ နန်းဆုရဲ့ အဝတ်ဗီရိုအခန်းကြီးကတော့ ပရိသတ်တွေကို အံ့အားသင့်စေမှာ အမှန်ပါပဲ။ နန်းဆုကတော့ အဝတ်ဗီရိုကြီးရှင်းပြီးတဲ့အခါ တချို့ကိုလှူ၊ တချို့ကို မဲဖေါက်၊ တချို့ကို ရောင်းပြီး လှူမယ်လို့လည်း ရေးထားပါတယ်။

ပရိသတ်တွေအတွက် လုံးဝအံအားသင့်သွားစေမယ့် နန်းဆုရဲ့ အဝတ်ဗီရို အခန်းကြီးရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Nan Su Yati Soe