သရုပ်ဆောင်တစ်ယောက်အဖြစ်သာမက အဆိုတော်တစ်ယောက်အဖြစ်ပါ လူသိများတဲ့ မင်းသမီးချောလေး တစ်ယောက်ဖြစ်တဲ့ နန်းဆုရတီစိုးကတော့ ဘိုမရုပ်လေးလို ချစ်စရာကောင်းတဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမကတော့ ခေတ်ပေါ် ဖက်ရှင်တွေကိုလည်း အမြဲလိုက်လိုက်ဖက်ဖက် ဝတ်စားတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

နန်းဆုကတော့ ဒီကနေ့မှာလည်း ဖက်ရှင်အလန်းစားတွေကို ဝတ်ဆင်ပြီး ဖိုတိုရှုတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။ ဖိုတိုရှုမှာတော့ နာမည်ကျော် မိတ်ကပ်ပညာရှင် မထက်က လိမ်းခြယ်ပေးထားတာဖြစ်ပါတယ်။ နန်းဆုကတော့ မထက်နဲ့အတူလည်း ဓါတ်ပုံတွေရိုက်ခဲ့ပါသေးတယ်။

နန်းဆုကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် နန်းဆုရဲ့ ဖိုတိုရှုက ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Ma Htet