အရိပ် ဇာတ်ကားထဲမှာ ကိုကိုနဲ့ သက်လေးတို့ စုံတွဲအဖြစ် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေတဲ့ အနုပညာရှင်မောင်နှမ နှစ်ယောက်ဖြစ်တဲ့ နန်းစန္ဒာလှထွန်းနဲ့ နက္ခတ်တို့ကတော့ မေလ(၃၁)ရက်နေ့က ဖိုတိုရှုတင်တစ်ခုကို အတူတူ ရိုက်ကူးခဲ့ပါတယ်။

နန်းစန္ဒာလှထွန်းနဲ့ နက္ခတ်တို့ နှစ်ဦးကတော့ အရိပ်ဇာတ်လမ်းထဲမှာ အရမ်းကို အတွဲညီညီနဲ့ လိုက်လိုက်ဖက်ဖက် သရုပ်ဆောင်ကြသူ နှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ဖိုတိုရှုတင်မှာလည်း အတွဲညီညီနဲ့ တွေ့ရတာ အရမ်းကို ချစ်စရာ ကောင်းနေပါတယ်။ ဖိုတိုရှုတင်က ပုံလေးတွေကိုတော့ နက္ခတ်က “ကိုကို နဲ့ သက်သက်နဲ့Photo shooting 💕” လို့ရေးပြီး ဖေစ်ဘုတ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် နန်းစန္ဒာလှထွန်းနဲ့ နက္ခတ်တို့ရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ကြပါဦးနော်။

Source: Nat Kahtt