ဇာတ်လမ်းတွဲပရိသတ်တွေ တခဲနက်အားပေးခဲ့တဲ့ MRTV-4 ရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတွေဖြစ်တဲ့ ”အမုန်းမှသည်” ရဲ့ မင်းသား ကောင်းမြတ်စံနဲ့ “ပဉ္စလက်ရွာ”ဇာတ်ကားထဲက မင်းသမီး နန်းစန္ဒာလှထွန်းတို့ကတော့ Forever Group ကနေ ရိုက်ကူးမယ့် ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်ကြတော့မှာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးကတော့ “နှလုံးသားနှင့်အနီးဆုံး”ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်မှာ အတူပါဝင် တွဲဖက်သရုပ်ဆောင်ကြမှာဖြစ်ပြီး အခြားသောပရိသတ်ချစ်သရုပ်ဆောင်တွေလည်း အများကြီးပါဝင်ကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ကန်တော့ပွဲကိုတော့ ယနေ့မနက်က ရွှေတိဂံဘုရားမှာ ပြုလုပ်ခဲ့ပြီး မင်းသားကောင်းမြတ်စံကတော့ သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ပရိသတ်တွေကို အသိပေးထားတာဖြစ်ပါတယ်။

သရုပ်ဆောင်ပညာရပ်ပိုင်းမှာ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ရရှိထားတဲ့ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ နန်းစန္ဒာလှထွန်းနဲ့ ကောင်းမြတ်စံတို့ကတော့ ဒီဇာတ်လမ်းတွဲအသစ်မှာလည်း ဘယ်လိုအတွဲညီညီ သရုပ်ေ်ဆာင်ကြမယ်ဆိုတာ ပရိသတ်တွေကတော့ စိတ်ဝင်စား နေကြပါတယ်။

Source: Kaung Myat San,Seree Lachonnabot