ချစ်စရာကောင်းတဲ့ အလှကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ မော်ဒယ်မင်းသမီးချောလေး နန်းထက်ထက်ဦးကတော့ ပရိသတ်တွေကို ပွင့်ပွင့် လင်းလင်းပဲ ပြောပြလိုက်ပါပြီ။ “ကိုယ် နှဖူးပြောင်တာ အားလုံးထက်ကိုယ့်ကိုအသိဆုံးပါ နော် ဒါမယ့်ကိုယ့်နှဖူးကို ဘယ်တော့မှ မဖုံးကွယ်ထားဘူး “လို့ သူရဲ့ ဖေစ်ဘုတ်မှာ တင်လိုက်တာဖြစ်ပါတယ်။

နှဖူးပြောင်တာနဲ့ ပတ်သတ်ပြီလည်း ဘာမှ မခံစားရတဲ့ အတွက် အားနည်းချက်လို့ အထင်မှားပြီး  လာအရွဲ့မတိုက်ပါနဲ့လို့လည်း ရေးထားပါသေးတယ်။ နှဖူးပြောင်တာလေးကိုလည်းကြိုက်လို့ ဆံပင်လဲချမထားတာဖြစ်တယ်လို့လည်း သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ ပြောထားပါတယ်။

“ပြောင်ပြောင်ပဲ I Don’t Care “လို့လည်း ရေးပြီး နှဖူးပြောင်တာကို ကြိုက်တဲ့ အကြောင်းကို ရေးထားတာဖြစ်ပါတယ်။မင်းသမီးလေး နန်းထက်ထက်ဦးကတော့ နဖူးပြောင်တာကို အတော်လေးသဘောကျတဲ့ ပုံပါပဲ။

Source: Nan Htet Htet Oo