ပရိသတ်တွေကြားမှာ နာမည်ကျော် မင်းသမီးချော အကယ်ဒမီ ထက်ထက်မိုးဦးရဲ့ တူမလေးဆိုပြီး နာမည်ကြီိးတဲ့ ချစ်စရာကောင်းတဲ့ မော်ဒယ်လေး နန်းထက်ထက်ဦးကတော့ လတ်တလောမှာ ထက်ထက်မိုးဦးရဲ့ အိမ်ထောင်ရေးကိစ္စနဲ့ ပတ်သတ်ပြီး စွပ်စွဲခံနေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူမကို စနိုက်ကျော်မလေးဆိုတဲ့ ဝေဖန်မှုတွေကိုလည်း ပြင်းပြင်းထန်ထန်ခံနေရတဲ့ သူတစ်ဦီး ဖြစ်ပါတယ်။

အသက် (၁၉)နှစ်အရွယ် မင်းသမီးချောလေး နန်းထက်ထက်ဦးရဲ့ အစ်ကိုကတော့ ညီမဖြစ်သူကို ဝေဖန်လာတဲ့ သူတွေကို အခုလိုပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။” ငြိမ်နေတာ အကောင်းမဟုတ်ဘူး ပိုပိုဆိုးလာလို့ ပြောရတော့မယ် ထက်ထက်မိုးဦး သူ့က​လေး လွမ်းလို့ငိုတာ ငါ့ညီမနဲ့ဘာဆိုင်​လဲ ဘာလို့စနိုက်​​ကျော်​လို့ လာ​ပြောတာလဲ ​ခေါ်ချင်​ ငါ့ကိုပါခေါ် ငါ့ညီမ​နောက်​မှာ ငါအမြဲရှိ​နေတယ် အဲဒီစကား ဘယ်​ကောင့်ပါးစပ်က ထွက်​တာလဲ ထွက်​တဲ့​ကောင်​သိရင်​ပြ မထက်​ပါးစပ်​ကထွက်​လို့လား … မထက်​ပါးစပ်​ကထွက်​ရင်​ မထက်​ကို အသ​ရေဖျက်​မှုနဲ့ တရားစွဲပါမယ်​ .. ကိုစိုင်းလွမ်းပါးစပ်​က ထွက်​ရင်​ကိုစိုင်းလွမ်းကို တရားစွဲမယ်”လို့ သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ ရေးခဲ့တာဖြစ်ပါတယ်။

နန်းထက်ထက်ဦးကတော့ သူမရဲ့ အစ်ကို ရေးထားတဲ့ ပိုစ့်ကို ပြန်ရှယ်ခဲ့ပြီး “သူများနာမည်ဖျက်ဖို့ ဖွဖို့တော့ ရတယ်နော် လာဆိုတော့ မလာကြဘူး” လို့ ရေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် “ဟို Media တွေ ဘယ်ရောက်ကုန်လဲ လာခဲ့ကြလေ သားသမီးချင်း ကိုယ်ချင်းမစာတဲ့ အစ်ကိုတွေ အစ်မတွေကော ဇရှိရင် လားရှိုးလိုက် လာခဲ့လမ်းစရိတ်မရှိရင်ပြော လမ်းစရိတ်ပါ ထည့်ပေးလိုက်မယ်” လို့လည်း ရေးထားပါသေးတယ်။

အသက်ငယ်လွန်းတဲ့ နန်းထက်ထက်ဦးအတွက် ဒီဝေဖန်မှုတွေဟာ သူ့အတွက်အရမ်းကို ဖိအားပြင်းလွန်းမှာတော့ အမှန်ပါပဲ။ နန်းထက်ထက်ဦးနဲ့ ထက်ထက်ကို ချစ်တဲ့ ပရိသတ်တွေလည်း အခြားသူတွေမြင်အောင် ဒီသတင်းလေးကို ပြန်လည်မျှဝေလိုက်ကြပါဦးနော်။

Source: Nan Htet Htet Oo facebook