Mr. Queen ထဲ ဒုတိယမင်းသားအဖြစ် ပါဝင်ထားခဲ့တဲ့ မင်းသားလေးကို လူတိုင်းလည်း သိကြမယ်ထင်ပါတယ်။ တရားရေးဝန်ကြီးရဲ့ မွေးစားသားအဖြစ်လည်းကောင်း၊ မိဖုရားရဲ့ အစ်ကိုတစ်ဝမ်းခွဲအဖြစ်လည်းကောင်း ပါဝင်ထားခဲ့တဲ့ မင်းသားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

View this post on Instagram

 

A post shared by 나인우 NA INWOO (@10042n00)

သူ့နာမည်ကတော့ Na In-Woo ပါ။ မွေးနာမည်ကတောာ့ Na Jong-Chan ပဲဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် အခုဆိုရင် အသက် ၂၆ နှစ်ရှိနေပါပြီ။

၂၀၁၅ ခုနှစ်တုန်းကမှစပြီးတော့ Shine of Go Crazy မှာ စတင်ပါဝင်လာခဲ့ပြီး အဲဒီနှစ်ထဲမှာတင် This is My Love, My Mom စတဲ့ ဇာတ်လမ်းတွဲ ၃ ခုမှာ ဇာတ်ရံအဖြစ် ပါဝင်လာခဲ့တာပါ။ နောက် ၂၀၁၆ ခုနှစ်မှာတော့ TvN က ရိုက်ကူးတဲ့ Cinderella with Four Knights မှာ Joon Soo အဖြစ်ပါဝင်လာခဲ့ပြီး လူတွေစပြီး သတိထားမိလာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by 나인우 NA INWOO (@10042n00)

နောက်တော့ Golden Pouch တို့ ၂၀၁၉ ခုနှစ်တုန်းကYeonnam Family တို့၊ ၂၀၁၉ ခုနှစ်မှာ Best Chicken တို့မှာ ပါဝင်ခဲ့ကာ ၂၀၂၀ ထဲမှာတော့ Mystic Pop-up Bar နဲ့ Mr. Queen ထဲ ဇာတ်ပို့အဖြစ်ပါဝင်လာခဲ့ပါတယ်။ ရုပ်ရှင်ကားကတော့ ၂၀၁၅ ခုနှစ်တုန်းက Twenty ဆိုတဲ့ကားမှာ ပါဝင်ခဲ့တာပါ။

 

View this post on Instagram

 

A post shared by 나인우 NA INWOO (@10042n00)

Na In-Woo အနေနဲ့ ၂၀၁၅ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ MBC Drama ဆုပေးပွဲမျာ အကောင်းဆုံး မျက်နှာသစ်သရုပ်ဆောင်ဆုကို ဇာတ်လမ်းတွဲအမျိုးစားနဲ့ Mom ဇာတ်လမ်းနဲ့ စံကာတင်ထဲပါဝင်ခဲ့ဖူးပါတယ်။ ဇာတ်ရံ၊ ဇာတ်ပို့တွေပဲ ပါဝင်ခဲ့ပေမယ့်လို့ သူ့ကိုတော့ ပရိတ်သတွေက main lead လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုပြီးတော့ ခေါင်းဆောင်မင်းသားလုပ်ဖို့ ဝိုင်းတောင်းဆိုနေခဲ့ကြပါတယ်။

 

View this post on Instagram

 

A post shared by 나인우 NA INWOO (@10042n00)

penny