ယောက်ျားလေး ပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ဝန်းရံခြင်းကိုပါ ခံနေရတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကျော် လေဒီဘွိုင်းလေး တစ်ယောက်ဖြစ်တဲ့ မျိုးကိုကိုစန်းကတော့ ကိုကိုဆိုတဲ့ နာမည်လေးနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားသူလေးတစ်ယောက်ဖြစ်ပါတယ်။

မျိုးကိုကိုစန်းကတော့ ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ ချစ်စရာကောင်းတဲ့ ဓါတ်ပုံလေးတွေတင်ပြီး ပရိသတ်တွေကို ဖမ်းစားတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မျိုးကိုကိုစန်းကတော့ ဒီကနေ့မှာလည်း “နွေရာသီ ပူပူမှာ ကိုယ်က မင်းအတွက် အမောပြေ ရွှေရင်အေးလေး ဖြစ်ချင်မိသူပါ “လို့ရေးပြီး ဓါတ်ပုံလေးတွေ တင်လိုက်တာဖြစ်ပါတယ်။ ပန်းရောင်လေးနဲ့ လှနေတဲ့ မျိုးကိုကိုစန်းကတော့ POND’S ပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

မျိုးကိုကိုစန်းကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ကိုကိုရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Myo Ko Ko San