ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ နာမည်ကျော် အကယ်ဒမီမင်းသား မြင့်မြတ်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်း သရုပ်ဆောင်နေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ယုန်လေး က ဒါရိုက်တာ အဖြစ် ပါဝင်ရိုက်ကူးနေတဲ့ကားတွေမှာ အဓိကပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။


မြင့်မြတ်ကတော့ လတ်တလောမှာလည်း ယုန်လေး ဖန်တီးပုံဖော်နေတဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့ မားဖီးယားမြို့တော် ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မားဖီးယားမြို့တော် ရိုက်ကွင်းမှာ ပါဝင်သရုပ်ဆောင်ေ်နတဲ့ မြင့်မြတ်ရဲ့ ပုံရိပ်တွေကိုတော့ မြင့်မြတ်ရဲ့ တပည့်ဖြစ်သူက တင်ပေးထားတာဖြစ်ပါတယ်။


အထာကျကျနဲ့ မာဖီးယားဂိုဏ်ခေါင်းဆောင်တစ်ယောက်လို သရုပ်ဆောင်နေတဲ့ မြင့်မြတ်ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Myat Wai Tun