MRTV-4 ရဲ့ တီဗွီရုပ်သံဇာတ်လမ်းတွဲတွေမှာတွေ့ရလေ့ရှိတဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ မြတ်သူသူဇင်ကတော့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ မြတ်သူသူဇင်ဟာ သူမရဲ့ ရုပ်ရည်နဲ့ ပတ်သက်ပြီး ပရိသတ်အချို့ရဲ့ ဝေဖန်ပြောဆိုမှုတွေကိုခံနေရတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

မြတ်သူသူဇင်ကတော့ အရမ်းကို ထိရောက်ပြီး ပညာသားပါပါနဲ့ သူမကို ဝေဖန်ပြောဆိုနေကြတဲ့ ပရိသတ်တွေကို အခုလိုပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ သူမကတော့ လွန်ခဲ့တဲ့ လေးနှစ် မအောင်မြင်ခင်က သူမရဲ့ ဓါတ်ပုံကို ဖေ့စ်ဘုတ်ပေါ်တင်ပြီး  အခုလိုပဲ ရေးသားပြောပြခဲ့တာဖြစ်ပါတယ်။

မြတ်သူသူဇင်ရဲ့ အမာခံ ပရိသတ်တွေကတော့ သူမရဲ့ ပိုစ့်အောက်မှာ အားပေးစကားတွေလည်း ပြောပေးထားကြပါတယ်။ တကယ့် ပရိသတ်အစစ်အမှန်တွေကတော့ ကိုယ်သဘောကျတဲ့ အနုပညာရှင်ဟာ ဝဝပိန်ပိန်၊ မဲမဲဖြူဖြူ အားပေးနေကြမှာပါပဲ။

Source: Myat Thuthu Zin