ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရခဲ့တဲ့ “မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာမာန” ဆိုတဲ့ ဇာတ်လမ်းတွဲ ကတော့ အောင်မြင်စွာပြီးစီးသွားခဲ့ပါပြီ။ ပရိသတ်တွေ ဖြစ်စေချင်တဲ့ အပျော်ဇာတ်သိမ်းမျိုးနဲ့ အဆုံးသတ်သွားတာမို့  အားလုံး လည်း ကျေနပ် ပျော်ရွှင်နေကြပါတယ်။ ဇာတ်ကားကြီးတော့ ပြီးခဲ့ပေမယ့် ရိုက်ကွင်းနောက်ကွယ်က ပုံလေးတွေကိုတော့ ဆက်ပြီး ဝေမျှ ပေးသွားမယ်လို့ နေခြည်ရွှန်းလက်က သူမရဲ့ အကောင့်မှာ အောင်မင်းခန့်နဲ့ ပုံလေးတွေကို တင်ရင်း ပြော သွားခဲ့ပါတယ်။

Image from Nay Chi Shoon Lak ‘s fb
Image from Nay Chi Shoon Lak ‘s fb
Image from Nay Chi Shoon Lak ‘s fb

“ဒီနေ့ဇာတ်သိမ်းသွားပြီ မြန်လိုက်တာကွယ်..😢

Happy Ending နဲ့အဆုံးသတ်လေသတည်းပါပေါ့👏🏻

နောက်နေ့Behind the scene လာဦးမှာနော်..”

Image from Nay Chi Shoon Lak ‘s fb
Image from Nay Chi Shoon Lak ‘s fb
Image from Nay Chi Shoon Lak ‘s fb

ဒီဇာတ်ကားမှာ ဦးအောင်ဘော်နေရာကနေ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့ ၀ါရင့်သရုပ်ဆောင် မင်းသား ကိုညီနန္ဒ ကေ တာ့ ဒီဇာတ်ကားမှာ သူနဲ့ အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး နေခြည်ရွှန်းလက်အတွက် ဆုတောင်း စကား ဆိုခဲ့ပါတယ်။

Nay Chi Shoon Lak သမီး… ”မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး မင်းသမီးတွေထဲကတစ်ယောက် အမြန်ဆုံးဖြစ်ပါစေ” လို့ ဦးညီဆုတောင်းပေးပါတယ်…🙏🙏🙏…………..” ဆိုပြီး တင်ထားတာပါ။

Image from Unyi Nanda ‘s fb
Image from Unyi Nanda ‘s fb
Image from Unyi Nanda ‘s fb

“မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာမာန”  ဆိုတဲ့ ဇာတ်လမ်းတွဲ ကတော့ စာရေးဆရာ လယ်တွင်းသားစောချစ်ရဲ့ ၀တ္ထု ကို ဇာတ်လမ်းတွဲ အဖြစ် ပြန် လည် ရိုက်ကူး ထားတာပါ။ ဒါရိုက်တာကတော့ ပြည်သစ်နိုင်ပါ။ သရုပ်ဆောင်တွေ အနေ နဲ့ကတော့ အောင်မင်းခန့်၊ထက်မြက်၊ကောင်း ဆက်နိုင်၊ဖြိုးရာဇာနိုင်၊နေခြည်ရွှန်းလက်၊ ဂရိတ် ချမ်း၊၀ိုင်းရွှေရည်၊ဖြိုးသံ သာချို၊ဇင်ဝိုင်း၊ညီနန္ဒ၊ခိုင်နှင်းဝေ၊ပွင့်နီဒီမောင်နဲ့ တခြားသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။

Image from Nay Chi Shoon Lak ‘s fb
Image from Nay Chi Shoon Lak ‘s fb
Image from Nay Chi Shoon Lak ‘s fb

Source နေခြည်ရွှန်းလက်