တစ်ချိန်က ရုပ်ရှင်ဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသမီးတစ်လက်အဖြစ် ပါဝင်သရုပ်ဆောင်ပြီး အောင်မြင်မှုတွေ တခဲနက်ရရှိခဲ့တဲ့ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ မြတ်ကေသီအောင်ကတော့ လတ်တလောမှာ အနုပညာလောကမှာ မတွေ့ရတော့ပေမဲ့ သူမကတော့ ပရိသတ်တွေနဲ့ ဖေ့စ်ဘုတ်ပေါ်မှာ အဆက်အသွယ်မပြတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ဖေစ်ဘုတ်ပေါ်မှာ သူမရဲ့ ဘဝနဲ့ ပတ်သတ်ဆက်နွယ်တဲ့ စာလေးတွေကို ရေးတင်လေ့ရှိတဲ့ မြတ်ကေသီအောင်ကတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း သူမရဲ့ ခံစားချက်တွေကို ဖေစ့်ဘုတ်ပေါ်မှာ ရေးသားပြီး တင်ခဲ့ပါသေးတယ်။ မြတ်ကေသီအောင်ကတော့ “ယောက်ျား တော်တော်များများဟာ ဘာအကြောင်းပြချက်မှမပေးပဲ ပျောက်ပျောက်သွားကြတတ်ကြတာဟာထားခဲ့တာလား ? ထွက်ပြေးသွားကြတာလား? ဝေခွဲမရခဲ့ပါဘူး.” ဆိုတဲ့ မေးခွန်းလေး ထုတ်လိုက်တာဖြစ်ပါတယ်။

မြတ်ကေသီအောင်ကတော့ “ခုချိန်မှာ ငါ့အချစ်တွေက မင်းတယောက်ထဲအတွက်ပါ.ငါ့ကိုတနေ့ မင်းထားသွားခဲ့ရင် ငါဘဝထဲက ပျောက်သွားခဲ့ရင် ငါတို့၂ ယောက်ကွဲသွားကြတာဟာ ဘဝခြားသွားတာ မဟုတ်ပေမဲ့ ကန်လန်ကာတခုတော့ ခြားသွားပြီလို့ မှတ်ထားလိုက်ပါ.” လို့လည်း သူမရဲ့ ချစ်ရသူကို ရည်ရွယ်ပြီးရေးသားထားပါသေးတယ်။

Source: Myat Kay Thi Aung